Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပီရူးမှာ မဂ္ဂနီကျု ၅.၆ ငလျင်လှုပ်ပြီး ၁ ဦးသေ၊ ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်

ပီရူးနိုင်ငံမှာ ပြင်းအား မဂ္ဂနီကျု ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁ ဦးသေပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Getty Images

ပီရူးနိုင်ငံမှာ ပြင်းအား မဂ္ဂနီကျု ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁ ဦးသေပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့တုန်းက ငလျင်ဟာ ပီရူးနိုင်ငံ အလယ်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ဒဏ်ကို မြို့တော် လီမာနဲ့ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ကာလာအိုတို့မှာ သိသိသာသာ သက်ရောက် ခံစားခဲ့ရပါတယ်။

ငလျင်ဟာ ကာလာအိုမြို့ရဲ့ အနောက်တောင်ဖက် ၂၃ ကီလိုမီတာအကွာ ကမ်းလွန်ရေပြင်ကို ဗဟိုပြုခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ကြောင့် လီမာနဲ့ ကာလာအိုတို့မှာ ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

သေဆုံးသူကတော့ လီမာမြို့က အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်း အမျိုးသား တစ်ဦးဖြစ်ပြီး ကားအပြင်ဖက်မှာ ခရီးသည် စောင့်နေတုန်း ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခုရဲ့ နံရံပြိုကျပြီး သူ့အပေါ် ပိမိသွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၅ ဦးကိုတော့ ဆေးရုံတင်ထားရပြီး လမ်းတွေ၊ အိမ်တွေ၊ ကျောင်းတွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ လီမာမြို့ ခရစ်ယာန် ဘုရားကျောင်း တစ်ခုထဲမှာ လူတွေ စုဝေးဝတ်ပြုနေတုန်း ငလျင်လှုပ်လာလို့ အရေးပေါ် ရွှေ့ပြောင်းရတဲ့ ဗီဒီယို တစ်ခုက အတော်လေး ပျံ့နှံ့နေပါတယ်။

ပီရူး သမ္မတ ဒိုင်နာ ဘိုလူအာတီဟာ ကာလာအိုမြို့ဆီ သွားရောက်ပြီး အခြေအနေတွေကို စစ်ဆေးဖို့ စီစဉ်ထားကြောင်း သမ္မတရုံးက ကြေညာထားပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေမှာတော့ အပျက်အစီးတွေ ပိမိထားတဲ့ ကားတွေ၊ ပြိုကျနေတဲ့ ဆိုင်းဘုတ်တွေ၊ ထိခိုက်ပြိုလဲနေတဲ့ နေအိမ် အဆောက်အအုံတွေကို တွေ့ခဲ့ရပါတယ်။

ပီရူးဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး မီးတောင်ပေါက်ကွဲမှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook