Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နော်ဝေးမှာ ထီဆုကြီး ပေါက်တယ်လို့ လူပေါင်း ထောင်ဂဏန်းလောက်ကို မှားယွင်း အကြောင်းကြား

နော်ဝေးနိုင်ငံမှာ ထီထိုးထားသူ ထောင်ဂဏန်းလောက်ဟာ ထီဆုကြီး ပေါက်ပြီဆိုပြီး အကြီးအကျယ် အောင်ပွဲခံခဲ့ကြပြီးမှ စနစ် အမှားအယွင်းကြောင့် ဆုကြေး လွဲမှား ဖော်ပြတာဆိုတာ သိခဲ့ပြီး ရင်နာခဲ့ကြရပါတယ်။

Getty Images

နော်ဝေးနိုင်ငံမှာ ထီထိုးထားသူ ထောင်ဂဏန်းလောက်ဟာ ထီဆုကြီး ပေါက်ပြီဆိုပြီး အကြီးအကျယ် အောင်ပွဲခံခဲ့ကြပြီးမှ စနစ် အမှားအယွင်းကြောင့် ဆုကြေး လွဲမှား ဖော်ပြတာဆိုတာ သိခဲ့ပြီး ရင်နာခဲ့ကြရပါတယ်။

အစိုးရပိုင် Norsk Tipping ထီကုမ္ပဏီဟာ Eurojackpot ထီထိုးထားသူတွေဆီ ဆက်သွယ်ပြီး ဒေါ်လာ သန်းနဲ့ချီ များပြားတဲ့ ဆုကြေးမျိုးတွေ ထီပေါက်ခဲ့တယ်ဆိုပြီး အကြောင်းကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ရပ်အတွက် နောက်ပိုင်းမှာ ကုမ္ပဏီက ပြန်တောင်းပန်ခဲ့ပြီး ငွေပမာဏ မှားယွင်း အကြောင်းကြားမိသူတွေကိုတော့ အသိပေး အကြောင်းကြားခဲ့တဲ့ ငွေပမာဏမျိုး ပေးလျော်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဆုကြေးပမာဏ မှားယွင်း အကြောင်းကြား ခံရသူ အရေအတွက်ကို အတိအကျ မထုတ်ပြန်ပေမယ့် ထောင်နဲ့ချီ များပြားတယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြဿနာ ဖြစ်ခဲ့တာကတော့ ဂျာမနီက Eurojackpotထီကို နော်ဝေးနိုင်ငံရဲ့ ခရိုနာငွေကြေးနဲ့ လဲလှယ်ပေးဖို့ တွက်ချက်ရာမှာ စနစ်က ငွေပမာဏကို ၁၀၀ နဲ့ စားရမယ့်အစား ၁၀၀ နဲ့မြှောက်ပြီး တွက်ချက်မိခဲ့ရာက စပါတယ်။ ဒါကြောင့်လည်း ဆုသေးတွေ ပေါက်တဲ့ သူတွေဟာ သူတို့ကိုယ်သူတို့ သန်းကြွယ်သူဌေး ဖြစ်ပြီလို့ အပိုင်တွက်ဆပြီး ခဏတာ ပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်အတွက် စိတ်ထိခိုက်၊ ဒေါသထွက်ခဲ့ရသူတွေကို အနူးအညွတ် တောင်းပန်လိုကြောင်း၊ လူတွေက အရမ်း စိတ်ဆိုးကြမယ် ဆိုတာကို နားလည်ကြောင်း Norsk Tippingရဲ့ အမှုဆောင်ချုပ် တွန်ဂျီ ဆက်ဂ်စတူယန်က ပြောပါတယ်။

ထီဆုကြီး ပေါက်ပြီဆိုပြီး အားလပ်ရက် အပန်းဖြေ ခရီးထွက်ဖို့ လက်မှတ် ဝယ်ထားသူတွေ၊ အိမ်ပြန်ပြင်ဖို့၊ ဒါမှမဟုတ် အိမ်အသစ်ဝယ်ဖို့ စီစဉ်ထားသူတွေက စနစ်အမှားအယွင်း ဖြစ်ခဲ့တယ်ဆိုတာ သိပြီး ဒေါကြီးမောကြီး ရန်တွေ့ထားတဲ့ messageတွေ အများအပြားကို လက်ခံရရှိထားတယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။

ပြီးတော့ ဆက်ဂ်စတူယန်က သူဟာ အခုအမှားအယွင်းအတွက် အပြည့်အဝ တာဝန်ယူပြီး ရာထူးက နုတ်ထွက်မယ်လို့လည်း ပြောပါတယ်။ အဲဒီအမျိုးသမီးဟာ ၂၀၁၄ ခုနှစ် ကတည်းက Norsk Tippingကို ရောက်နေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ အမှုဆောင်ချုပ် ဖြစ်လာခဲ့တာပါ။

Norsk Tippingဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာ တချို့နဲ့ ကြုံတွေ့ခဲ့ဖူးပြီး အခုနောက်ဆုံး လွဲချော်မှုလည်း ဘယ်လိုဘယ်ပုံ ဖြစ်သွားခဲ့တယ် ဆိုတာကို စုံစမ်းစစ်ဆေးမယ်လို့ ကြေညာထားပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကနေ ရှုံးနိမ့် ထွက်ခွာလာခဲ့ပေမယ့်လည်း နော်ဝေး လက်ရွေးစင် ဘောလုံးအသင်းရဲ့ အိမ်အပြန် ခရီးမှာ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက်...