Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာက လူစည်ကားရာ ကဖေးကို အစ္စရေးဗုံးကြဲ၊ လူ ၂၀ ကျော် သေဆုံး

ဂါဇာ ကမ်းမြှောင်ဒေသမှာ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေ မကြာခဏ ဝင်ထွက်သွားလာပြီး လူစည်ကားနေလေ့ရှိတဲ့ ပင်လယ်ကမ်းခြေ ကဖေးတစ်ခုကို အစ္စရေး လေတပ်က ဗုံးကြဲခဲ့တာကြောင့် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

The New York Times

ဂါဇာ ကမ်းမြှောင်ဒေသမှာ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေ မကြာခဏ ဝင်ထွက်သွားလာပြီး လူစည်ကားနေလေ့ရှိတဲ့ ပင်လယ်ကမ်းခြေ ကဖေးတစ်ခုကို အစ္စရေး လေတပ်က ဗုံးကြဲခဲ့တာကြောင့် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့ တိုက်ခိုက်မှုအပြီး အပျက်အစီးတွေ ကြားကနေ ရုပ်အလောင်းပေါင်း ၂၀ ကို ဆွဲထုတ်ခဲ့ပြီး ဖြစ်သလို နောက်ထပ် အသေအပျောက်တွေလည်း တိုးလာနိုင်သေးတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ နောက်ထပ် ဒါဇင်တွေနဲ့ချီ များပြားတဲ့ ထိခိုက် ဒဏ်ရာရသူတွေကိုလည်း ဆေးရုံတွေဆီ ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

အယ်လ်ဘာကာ ကဖေးဟာ ဂါဇာရဲ့ ပင်လယ်ကမ်းခြေ တစ်နေရာမှာ တည်ရှိပြီး ကမ်းခြေတလျှောက်မှာ ရွက်ဖျင်တဲလေးတွေနဲ့ တည်ခင်း ဧည့်ခံလေ့ ရှိပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ကမ်းခြေမှာ ပပ်ကြားအက်ကြီးပါ ဖြစ်သွားပြီး အဲဒီထဲမှာလည်း ကယ်ဆယ်ရေးတွေက ဆက်လက် ရှာဖွေနေဆဲလို့ ဟားမားစ် ပြောက်ကျားတွေရဲ့ လက်အောက်ခံ ဂါဇာ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ကြေညာထားပါတယ်။

သူက အင်တာနက် သုံးချင်လို့ ကဖေးဆီအသွား မီတာ နည်းနည်းလောက် အလိုမှာတင် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့တာလို့ ဒေသခံ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ကင်မရာမန်း အဇစ်အယ်လ် အဖီဖီက ပြောပါတယ်။ အဲဒီအချိန်က ကဖေးထဲမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နေ့စဉ်တွေ့မြင်နေကျ မျက်နှာသိတွေ အများကြီး ရှိနေခဲ့ကြောင်း၊ ဗုံးကြဲမှုအပြီး မြင်ကွင်းတွေက အနိဋ္ဌာရုံတွေ ပြည့်နေပြီး နေရာအနှံ့ သွေးကွက်တွေ၊ အလောင်းတွေ ပျံ့ကြဲနေသလို အော်သံဟစ်သံတွေ ဆူညံနေခဲ့ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အယ်လ်ဘာက ကဖေးဟာ ဂါဇာမှာ အင်တာနက် အထောက်အပံ့ ရရှိပြီး ဆိုင်မှာထိုင်ရင်း အလုပ်လည်း လုပ်လို့ရတာကြောင့် ဂျာနယ်လစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အဝေးက အလုပ်တွေကို အင်တာနက်နဲ့ ချိတ်ဆက် လုပ်ကိုင်ပေးသူတွေကြားမှာ အထူးထင်ရှားပါတယ်။

အစ္စရေး စစ်တပ်ကတော့ အယ်လ်ဘာကာ ကဖေးကို ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်ချက် မပေးသေးပါဘူး။

အစ္စရေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂါဇာကမ်းမြှောင်ဒေသမှာ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတာကြောင့် ပါလက်စတိုင်း မိသားစုတွေ ရာပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အဲဒီနောက်မှာ အခုလိုမျိုး ကဖေးကို ဗုံးကြဲတဲ့ဖြစ်စဉ် ပေါ်ပေါက်လာတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ဟားမားစ်တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ ညှိနှိုင်း လုပ်ဆောင်နေပြီလို့ ပြောခဲ့သလို ဟားမားစ်တွေကလည်း အပစ်ရပ် သဘောတူညီမှု ရရှိရေး အားထုတ်မှုတွေ ပိုမို အားကောင်းလာတယ်လို့ သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သဘောတူညီမှု တစ်ခုခု မရခင် အတောအတွင်းမှာတော့ အစ္စရေးဟာ ဂါဇာမှာ ပိုပြီး ပြင်းထန် ကြမ်းတမ်းတဲ့ စစ်ရေး တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဂါဇာမှာ စစ်ပွဲ စတင်ဖြစ်ပေါ်လာချိန် ကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၅၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။