Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ မီးသတ်တွေကို ပစ်သတ်တဲ့ စနိုက်ပါသမားက မီးသတ်သမားတွေကို မျှားခေါ်ဖို့ တောမီးကို စရှို့ခဲ့တယ်လို့ဆို

အမေရိကန်မှာ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့တဲ့ အမျိုးသားဟာ မီးသတ်တပ်ဖွဲ့ဝင်တွေကို မျှားခေါ်ဖို့ ကိုယ်တိုင် တောမီးရှို့ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

AP

အမေရိကန်မှာ မီးသတ်သမားတွေကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့တဲ့ အမျိုးသားဟာ မီးသတ်တပ်ဖွဲ့ဝင်တွေကို မျှားခေါ်ဖို့ ကိုယ်တိုင် တောမီးရှို့ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက အစ်ဒါဟိုပြည်နယ်၊ ကူအာဒီ အယ်လင်းမြို့နားမှာ တောမီးတွေ လောင်ကျွမ်းလာတဲ့အတွက် မြို့ခံ မီးသတ်တပ်ဖွဲ့က အပူတပြင်း သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အနီးအနားက တောတောင် ချုံပုတ်တွေထဲမှာ ပုန်းအောင်း စောင့်ဆိုင်းနေတဲ့ အသက် ၂၀ အရွယ် ဝက်စ်ရိုလေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာပါ။ သူ့လက်ချက်ကြောင့် ဖရန့်ခ်ဟားဝုဒ်နဲ့ ဂျွန်မော်ရစ်ဆန်ဆိုတဲ့ မီးသတ်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ဒေ့ဗ်တိုင်လာဆိုတဲ့ နောက်ထပ် လုပ်ဖော်ကိုင်ဖက်ကတော့ ဒဏ်ရာ ရသွားခဲ့ပါတယ်။

မြို့မြောက်ဖက်မှာရှိတဲ့ ကန်ဖီးလ် တောင်နားမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် ရဲတွေနဲ့ အထူးကွန်မန်ဒို အဖွဲ့တွေပါ အဲဒီနေရာကို သွားရောက်ပြီး သေနတ်သမားကို ရှာဖွေ ရှင်းလင်းဖို့ ကြိုးစားခဲ့ရပါတယ်။ ပြီးတော့ အခင်းဖြစ်တဲ့ ဧရိယာကို ဇွန်လ ၃၀ ရက်နေ့ထိ အသွားအလာ ကန့်သတ်ပြီး lockdown ချထားလိုက်ရပါတယ်။

နာရီပေါင်း အတော်ကြာပြီးတဲ့ အချိန်မှာတော့ ရဲအထူးတပ်ဖွဲ့ (SWAT) အဖွဲ့သားတွေက ရိုလေရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။ ရိုလေဟာ အနက်ရောင် ပြောက်ကျား ဝတ်စုံကို ဝတ်ထားပြီး မီးသတ်သမားတွေကို ပစ်ခတ်တဲ့ အချိန်မှာ Hunterဆိုတဲ့ သီချင်းကို နားထောင်နေခဲ့တယ်လို့ ဆိုပါတယ်။ သူဘာကြောင့် သေဆုံးခဲ့သလဲ ဆိုတာကိုတော့ ရဲတွေက ရှင်းရှင်းလင်းလင်း မကြေညာသေးပါဘူး။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲ စုံစမ်းမှုတွေအရ ရိုလေဟာ မီးသတ်သမားတွေကို မျှားခေါ်ဖို့အတွက် တောမီးကို စရှို့ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေလည်း ရထားပါတယ်။ ဒါပေမဲ့ အခုလို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုမျိုးကို ဘာကြောင့် ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ရိုလေရဲ့ အဖိုးက သူ့သားဟာ မီးသတ်သမား ဖြစ်ချင်ခဲ့တဲ့သူလို့ ပြောပါတယ်။ ပြီးတော့ ရိုလေဟာ တရားဥပဒေကို လေးစားလိုက်နာသူ ဖြစ်ကြောင်း၊ ဘာကြောင့် အခုလို ကိစ္စမျိုး လုပ်ခဲ့သလဲဆိုတာ မတွေးတတ်ကြောင်းလည်း အဖိုးက ဆိုပါတယ်။

ရိုလေဟာ အိမ်ခြေရာမဲ့ တစ်ဦးဖြစ်ပြီး ကားတစ်စီးထဲမှာပဲ နေထိုင်ကြောင်း၊ မီးသတ်တွေက မီးကို ငြှိမ်းသတ်ဖို့ သူ့ကားကို ရွှေ့ခိုင်းခဲ့တဲ့နောက် မကြာခင်မှာ ရိုလေက သူတို့ကို ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဘော့ဘ်နောရစ်က ပြောကြားသွားပါတယ်။ တကယ့်ကို စနစ်တကျ ကြိုပြင်ထားတဲ့ ချုံခို တိုက်ခိုက်မှုမျိုး ဖြစ်တာကြောင့် မီးသတ်သမားတွေဟာ အသက်ရှင် လွတ်မြောက်ဖို့ အခွင့်အရေး မရှိသလောက် ဖြစ်ခဲ့ကြောင်းလည်း နောရစ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ တတိယမြောက် မီးသတ်သမားဟာ အသက်လု ခွဲစိတ်ကုသမှု ခံယူထားရပြီး အလုံးစုံ စိတ်မချရသေးပေမယ့် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ နောရစ်က ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဟာ နက်တယ်လ်တန် ဂူးလ်ချ် တောမီးလို့ နာမည်ပေးထားပြီး တဖြည်းဖြည်း ကျယ်ပြန့်လာနေတဲ့ မီးကိုလည်း ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းထိ မထိန်းချုပ်နိုင်သေးဘဲ ဆက်လက် ငြှိမ်းသတ်နေရဆဲလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။