Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်က ကျွန်းတစ်ခုမှာ နှစ်ပတ်အတွင်း ငလျင်ပေါင်း ၉၀၀ ကျော်လှုပ်

ဂျပန်နိုင်ငံရဲ့ လူနေနည်းပါးပြီး ဝေလံခေါင်သီတဲ့ ကျွန်းလေးတစ်ခုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ငလျင်ပေါင်း ၉၀၀ ကျော် လှုပ်ခတ်တဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

Ray_go

ဂျပန်နိုင်ငံရဲ့ လူနေနည်းပါးပြီး ဝေလံခေါင်သီတဲ့ ကျွန်းလေးတစ်ခုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ငလျင်ပေါင်း ၉၀၀ ကျော် လှုပ်ခတ်တဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

ဂျပန် မိုးလေသဝ အေဂျင်စီ (JMA)က တိုကာရာ ကျွန်းမှာ ဆက်တိုက်လှုပ်နေတဲ့ ငလျင်တွေ ဘယ်အချိန်မှာ ရပ်နားသွားမလဲ ဆိုတာကို မခန့်မှန်းနိုင်ဘူးလို့ ဝန်ခံထားပါတယ်။ ကျွန်းပေါ်က ဒေသခံတွေ အတွက်တော့ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ ဆိုတာကို တွေးတော စိုးရိမ်ပြီး အိပ်ကောင်းခြင်း မအိပ်နိုင်၊ စားကောင်းခြင်း မစားနိုင် ဖြစ်နေရပါတယ်။

ဇူလိုင် ၂ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာတော့ တစ်ခုက ပြင်းအား ၅.၅ မဂ္ဂနီကျုလောက်ထိ ရှိခဲ့တယ်လို့ JMAက ထုတ်ပြန်ထားပါတယ်။ JMAရဲ့ ဆူနာမီရေလှိုင်း စောင့်ကြည့် ဌာနခွဲ ဒါရိုက်တာ အယာတာကာ အီဘီတာက ဇွန်လ ၂၁ ရက်နေ့ကစလို့ ကျွန်းပတ်ပတ်လည် ပင်လယ်ကြမ်းပြင်အောက်မှာ ငလျင် လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ရှိနေခဲ့တယ်လို့ ပြောပါတယ်။

အဲဒီကျွန်းဟာ ဂျပန်ရဲ့ ကျွန်းမကြီးဖြစ်တဲ့ ကျူရှူးရဲ့ တောင်ဖက်မှာ တည်ရှိနေတာပါ။ ဇူလိုင် ၂ ရက်နေ့ထိ အခြေအနေမှာတင် ငလျင်တွေ အကြိမ်ပေါင်း ၇၄၀ ကျော် လှုပ်ခတ်တာကို JMAက တိုင်းတာ ရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိုကာရာကျွန်း အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ ဒေသခံတွေဟာ အချိန်ပြည့်နီးပါး လှုပ်ရှားနေတဲ့ ငလျင်တွေကြောင့် စိတ်ရောလူပါ အရမ်းနွမ်းနယ်နေကြပြီလို့ ပြောကြားခဲ့ပါတယ်။ တချို့ကလည်း ကျွန်းကို ယာယီ စွန့်ခွာဖို့ သင့်မသင့် ဝေခွဲမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုကာရာမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရက်ပိုင်းအတွင်း ငလျင် ၃၄၆ ကြိမ် လှုပ်ခတ်တာမျိုး ကြုံဖူးပါတယ်။ တိုကာရာ ကျွန်းမကြီးဘေးမှာ တခြား ကျွန်းတန်းငယ် ၁၂ ခုလည်း ရှိနေပြီး အဲဒီထဲမှာ ၇ ခုက လူမနေပါဘူး။ တိုကာရာ ကျွန်းတန်း တစ်ခုလုံးမှာ စုစုပေါင်း နေထိုင်သူက ၇၀၀ ဝန်းကျင်လောက်သာ ရှိပါတယ်။

ငလျင် ပညာရှင်တွေက အဲဒီဒေသမှာ မူမှန်မဟုတ်တဲ့ မြေအောက် လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေတာဟာ ကျောက်လွှာချပ်တွေ အောက်မှာ စွမ်းအင်ကိန်းအောင်းမှု ပိုမို များပြားအောင် အထောက်အကူလို ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။ အဲဒီလို ကိန်းအောင်း စွမ်းအင်တွေက ပွင့်အန် ထွက်လာတဲ့ အခါမှာတော့ ငလျင်ကြီးတွေ လှုပ်ခတ်တာ ဖြစ်ပါတယ်။

ဂျပန်ဟာ ကမ္ဘာပေါ်မှာ ငလျင်နဲ့ အယဉ်ပါးဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ပထဝီဝင် အနေအထား အရလည်း ဂျပန်ကျွန်းစုဟာ ရေအောက် ဧရာမ ကျောက်လွှာချပ်ကြီး ၄ ခု စုဆုံတဲ့ နေရာမှာ ရှိနေပြီး ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းမှာလည်း ဆက်စပ် ကျရောက်နေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။