Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျံသန်းနေတဲ့ လေယာဉ်ကို တရုတ် စစ်သင်္ဘော လေဆာနဲ့ လှမ်းထိုးပြီး နှောင့်ယှက်ခဲ့ကြောင်း ဂျာမနီ စွပ်စွဲ

ပင်လယ်ပြင် အထက်မှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စီးကို တရုတ်စစ်သင်္ဘောက လေဆာရောင်ခြည်မီးနဲ့ ထိုးပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း ဂျာမနီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Reuters

ပင်လယ်ပြင် အထက်မှာ ပျံသန်းနေတဲ့ လေယာဉ်တစ်စီးကို တရုတ်စစ်သင်္ဘောက လေဆာရောင်ခြည်မီးနဲ့ ထိုးပြီး အနှောင့်အယှက် ပေးခဲ့ကြောင်း ဂျာမနီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင် ၈ ရက်နေ့မှာ ဂျာမန် နိုင်ငံခြားရေးရုံးဟာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး တရားဝင် ကန့်ကွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဂျာမနီရဲ့ အရပ်ဖက် ကင်းထောက် လေယာဉ်ဟာ အခုလ အစောပိုင်းတုန်းက ပင်လယ်နီ ရေပြင်ထက်မှာ ပျံသန်းနေတဲ့အချိန် အဲဒီဧရိယာထဲမှာ ရှိနေတဲ့ တရုတ် စစ်သင်္ဘောရဲ့ အနှောင့်အယှက် ပေးမှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။ လေယာဉ်ဟာ ယီမင်နိုင်ငံ ကမ်းလွန်က ကုန်သွယ် ရေကြောင်း သင်္ဘောတွေကို ယီမင်အခြေစိုက် ဟိုသီ သူပုန်တပ်တွေက ပစ်မှတ်ထား တိုက်ခိုက်နေတာကို တန်ပြန်ဖို့ ဥရောပ နိုင်ငံတွေ စုပေါင်းထားတဲ့ လုံခြုံရေး အစီအမံ အစိတ်အပိုင်းအဖြစ် ပျံသန်းနေခဲ့တာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ (EU)က စီစဉ်ထားတဲ့ မစ်ရှင်ဟာ ဟိုသီတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် ရည်ရွယ်ချက်မျိုး မပါဝင်ဘဲ အရပ်သား ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို အကူအညီပေး စောင့်ရှောက်ဖို့သာ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် စစ်သင်္ဘောဟာ အကြောင်းပြချက် မယ်မယ်ရရလည်း မရှိ၊ လေယာဉ်နဲ့ ရေယာဉ်ကြားမှာ တစ်ခုခု ငြိလောက်စရာ အခြေအနေလည်း မရှိဘဲနဲ့ အနှောင့်အယှက် ပေးခဲ့တာလို့ ဂျာမနီဖက်က စွပ်စွဲခဲ့ပါတယ်။

လေဆာရောင်ခြည်တန်းကို အသုံးပြုခဲ့ခြင်းဟာ လူ့အသက်တွေနဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကို ထိခိုက်အောင် ခြိမ်းခြောက်မှုမြောက်မှန်း သိသိကြီးနဲ့ တရုတ် စစ်သင်္ဘောက ဒီကိစ္စမျိုးကို လုပ်ဆောင်ခဲ့တာလို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။

လေဆာနဲ့ လှမ်းထိုးတာ ခံခဲ့ရတဲ့နောက် ဂျာမနီ လေယာဉ်ဟာ ထိခိုက်ပျက်စီးမှု တစ်ခုခု ဖြစ်ပေါ်နိုင်ခဲ့တဲ့ အခြေအနေကို ထည့်တွေးပြီး ကင်းလှည့်နေရာကနေ အခြေစိုက်စခန်းဆီ ပြန်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ အာဖရိကတိုက်မှာရှိတဲ့ ဂျဘူတီ နိုင်ငံက အခြေစိုက် စခန်းဆီ ပြန်ရောက်လာချိန်မှာ လေယာဉ်က ချောချောမောမော ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ် အမှုထမ်းတွေလည်း ကျန်းမာရေး ထိခိုက်မှု တစ်ခုခု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီလေယာဉ်ဟာ ကင်းထောက်ပျံသန်းမှုအတွက် အရပ်ဖက် ကုမ္ပဏီ တစ်ခုက ကန်ထရိုက်စာချုပ်နဲ့ တာဝန်ယူ ပျံသန်းပေးနေတာ ဖြစ်ပေမယ့် လေယာဉ်ပေါ်မှာ ဂျာမနီစစ်ဘက် အရာရှိတချို့လည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီ နိုင်ငံခြားရေး ရုံးကတော့ လေယာဉ် အမှုထမ်းတွေကို အန္တရာယ် ကျရောက်စေနိုင်လောက်ပြီး လုံခြုံရေး မစ်ရှင်ကို အနှောင့်အယှက် ပေးခဲ့တဲ့ လုပ်ရပ်မျိုးက လက်ခံနိုင်စရာ မရှိဘူးလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ထုတ်ပြန်ထားပါတယ်။

တရုတ် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။