Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် အမေရိကန်ရဲ့ လက်နက်တွေကို NATOက ဝယ်ယူပေးဖို့ သဘောတူညီမှု ရထားပြီလို့ ထရမ့်ပြော

အမေရိကန်ရဲ့ စစ်လက်နက်တွေကို NATO စစ်မဟာမိတ် အဖွဲ့က ဝယ်ယူပြီး ယူကရိန်းဆီ ပံ့ပိုးစေဖို့ သဘောတူညီမှု တစ်ရပ် ရရှိထားကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

AP

အမေရိကန်ရဲ့ စစ်လက်နက်တွေကို NATO စစ်မဟာမိတ် အဖွဲ့က ဝယ်ယူပြီး ယူကရိန်းဆီ ပံ့ပိုးစေဖို့ သဘောတူညီမှု တစ်ရပ် ရရှိထားကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဇူလိုင် ၁၀ ရက်နေ့တုန်းက NBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်ပေးခဲ့တဲ့ မှတ်ချက်အရ အမေရိကန်ဟာ ယူကရိန်းဆီ စစ်လက်နက်တွေက ဆက်လက် ထောက်ပံ့မှာ ဖြစ်ပေမယ့် အခမဲ့ မဟုတ်တော့ဘဲ NATOက အဲဒီအတွက် စရိတ်စက အကုန်ခံရမယ်လို့ သိရပါတယ်။

အဲဒီလက်နက်တွေကို အမေရိကန်က NATOဆီ ပေးပို့မှာဖြစ်ကြောင်း၊ အဲဒီစရိတ်ကို NATOက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပေးချေရမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

ဥပမာ Patriot ဒုံးခွင်းဒုံးလို စစ်လက်နက်တွေကို အမေရိကန်က NATOဆီ ရောင်းချပေးလိုက်မှာဖြစ်ပြီး ယူကရိန်းဆီ ခွဲဝေပို့ဆောင်ပေးလိုက်တာမျိုးကို NATOက စီမံဆုံးဖြတ် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး NATOဖက်က တိတိကျက မှတ်ချက် မပေးသေးပေမယ့် အစောပိုင်းမှာတော့ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက သူဟာ ယူကရိန်းအတွက် ခဲယမ်းမီးကျောက်တွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို ထောက်ပံ့ပေးနိုင်ရေး ဝိုင်းဝန်း အားထည့်ကြဖို့ အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းထားကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ရဲ့ အင်တာဗျူး ထွက်ပေါ်မလာခင် နာရီပိုင်းလောက် အလိုမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက Patriot စနစ်တွေ ယူကရိန်းဆီ ပို့ဆောင်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဥရောပ မိတ်ဖက် နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

NBCနဲ့ အင်တာဗျူးမှာတော့ ထရမ့်က သူဟာ ဇူလိုင် ၁၄ ရက်နေ့ကျရင် ရုရှားနဲ့ ပတ်သက်လို့ အဓိကကျတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်မယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။ သူက ရုရှားနဲ့ ပတ်သက်ပြီး စိတ်ပျက်နေတာတွေ ရှိတယ်လို့တော့ အင်တာဗျူးထဲမှာ ထည့်သွင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။