Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေ အပါအဝင် ပါလက်စတိုင်း ၁၀ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စနစ်အမှားအယွင်းကြောင့်လို့ အစ္စရေးပြော

ကလေးတွေ အပါအဝင် ရေဝေငှတာကို တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ လက်နက်စနစ် အမှားအယွင်းကြောင့်လို့ အစ္စရေးက အကြောင်းပြချက် ပေးခဲ့ပါတယ်။

Getty Images

ကလေးတွေ အပါအဝင် ရေဝေငှတာကို တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ လက်နက်စနစ် အမှားအယွင်းကြောင့်လို့ အစ္စရေးက အကြောင်းပြချက် ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂါဇာ ကမ်းမြှောင်ဒေသရဲ့ နျူဆိုင်ရတ် ဒုက္ခသည် စခန်းနားက ရိက္ခာဝေငှပေးရာ နေရာတစ်ခုနားမှာ သောက်ရေ ရရှိဖို့ တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေကို အစ္စရေး ဒုံးကျည် ထိမှန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ကလေး ၆ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ လူနာတွေကို လက်ခံကုသပေးနေတဲ့ အယ်လ်အောဒါး ဆေးရုံရဲ့ အရေးပေါ်ဌာန ဆရာဝန်တွေက ပြောပါတယ်။

အစ္စရေးစစ်တပ် (IDF)ကတော့ ဇူလိုင် ၁၃ ရက်နေ့ ဖြစ်စဉ်ဟာ နျူဆိုင်ရတ် မြို့တဝိုက်က အစ္စလာမ်မစ် အစွန်းရောက် ဂျီဟတ် အဖွဲ့ဝင်တွေကို ပစ်မှတ်ထားခဲ့တာသာ ဖြစ်ပေမယ့် လက်နက်စနစ်မှာ အမှားအယွင်းကြုံသွားခဲ့တာလို့ ပြောပါတယ်။ အကျိုးဆက် အနေနဲ့ လျာထားပစ်မှတ်နဲ့ မီတာပေါင်း ဒါဇင်အတော်များများကို လမ်းကြောင်းလွဲပြီး ဒုံးကျည်က ထိမှန်သွားခဲ့တာလို့ IDFက ဆိုပါတယ်။

အခုဖြစ်စဉ်ကို ပြန်လည် ဆန်းစစ် သုံးသပ်နေကြောင်း၊ မသက်ဆိုင်တဲ့ အရပ်သနားတွေ ထိခိုက်သေဆုံးခဲ့တာအတွက် စိတ်မကောင်းကြောင်း၊ အရပ်သားတွေ ဖိတ်စဉ်ရမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ အမြဲတမ်း အားထည့် လုပ်ဆောင်နေကြောင်းလည်း IDFက ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု ဖြစ်ပွားရာ အနီးမှာ နေထိုင်သူ တစ်ယောက်ကတော့ မနက်အစောပိုင်းတုန်းက ရေပေးဝေတဲ့ နေရာမှာ ကလေး ၂၀ လောက်နဲ့ လူကြီး ၁၄ ယောက်လောက် တန်းစီနေခဲ့တာလို့ ပြောပါတယ်။ ဒုံးကျည်ထိမှန်ပြီးတဲ့နောက် အကုန်လုံး ဝရုန်းသုန်းကား ထွက်ပြေးကုန်ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာပြင်းထန်သူတွေကတော့ နေရာမှာ လဲကျန်နေခဲ့တယ်လို့ အဲဒီမျက်မြင်က ပြောပြခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် တစ်နေ့လုံးမှာတော့ ဂါဇာ ကမ်းမြှောင်ဒေသအနှံ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၂ ဦးလောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကျန်းမာရေး စောင့်ရှောက်မှု အရာရှိတွေက ဆိုပါတယ်။ IDFက အဲဒီနေ့မှာ ဂါဇာရဲ့ ကွဲပြားတဲ့ ပစ်မှတ်နေရာပေါင်း ၁၅၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ကလည်း ဂါဇာတောင်ပိုင်းက ရာဖားဟ်မြို့က ထောက်ပံ့ရေးပစ္စည်း ဝေမျှရေး စင်တာတစ်ခုနားမှာ အစ္စရေး စစ်တပ်က ပစ်ခတ်လို့ လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။