Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ လူ ၂၈၀ လိုက်ပါလာတဲ့ သင်္ဘော ပင်လယ်ပြင်မှာ အကြီးအကျယ် မီးလောင်

အင်ဒိုနီးရှား နိုင်ငံမှာ လူ ၂၈၀ လောက် လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစ်စီး ပင်လယ်ပြင်မှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာ လူ ၂၈၀ လောက် လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစ်စီး ပင်လယ်ပြင်မှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ မွန်းလွဲပိုင်းတုန်းက မြောက်ပိုင်း ဆူလာဝေဆီ ပြည်နယ်ကမ်းလွန် ကျွန်းတစ်ကျွန်းနားမှာ ရေယာဉ် မီးလောင်ခဲ့တာပါ။ သင်္ဘောပေါ်မှာ လောင်ကျွမ်းတဲ့မီးက အရှိန်အရမ်း ပြင်းထန်ပြီး ခရီးသည်တွေနဲ့ အမှုထမ်းတွေဟာ အသက်ကယ် အင်္ကျီတွေ ဝတ်ပြီး ပင်လယ်ထဲကို အလန့်တကြား ခုန်ချခဲ့ရပါတယ်။

တာလီဆီ ကျွန်းရဲ့ ကမ်းလွန်ရေပြင်မှာ မီးလောင်မှု သတင်းရထားတယ်လို့ မြောက်ပိုင်း ဆူလာဝေဆီ ကယ်ဆယ်ရေးဌာန အကြီးအကဲ ဂျယ်ရီ ဟာမိုဆီနာက ပြောပါတယ်။ သူက ထိခိုက်သေကြေမှု အရေအတွက်ကို ထုတ်မပြောပေမယ့် သတင်းတချို့ကတော့ အနည်းဆုံး ၃ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ အနည်းဆုံး လူဦးရေ ၁၅၀ ကျော်လောက်ကိုတော့ ကယ်ဆယ်ထားနိုင်ခဲ့ပြီးပါပြီ။

KM Barcelona 5လို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ မာနာဒို ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်းနေတုန်း ပင်လယ်ပြင်မှာ မီးစွဲလောင်ခဲ့တာလို့ သိရပါတယ်။ ဂျယ်ရီက ကယ်ဆယ်ရေးအတွက် အင်အား အမြောက်အမြား ဖြန့်ကျက် အသုံးပြုထားကြောင်းနဲ့ ဒေသခံ တံငါလှေတွေကလည်း အင်တိုက်အားတိုက် အကူအညီပေး ဝန်းရံခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ တခြား ကယ်ဆယ်ရေး အသင်းတွေလည်း ပူးပေါင်း အားဖြည့်ပေးထားပြီး ကယ်ဆယ်ရရှိသူတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ သူက ဆိုပါတယ်။

TikTokလိုမျိုး လူမှုကွန်ရက်တွေမှာတော့ သင်္ဘောမှာ အကြီးအကျယ် မီးစွဲလောင်နေပုံ ဗီဒီယိုတွေ ပျံ့နှံ့နေခဲ့ပါတယ်။ တချို့ ခရီးသည်တွေက ရေထဲကို ခုန်ချပြီးတဲ့ အချိန်မှာ ဖုန်းတွေနဲ့ ဗီဒီယို မှတ်တမ်းယူထားခဲ့ကြပါတယ်။

သင်္ဘောကနေ အူထွက်နေတဲ့ မီးခိုးလုံးကြီးတွေကို ကီလိုမီတာ အတော်များများ ဝေးတဲ့ နေရာကနေတောင် မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေး ကဏ္ဍကိုပဲ အဓိက အာရုံစိုက်နေကြပြီး သင်္ဘော ဘာကြောင့် မီးလောင်သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အင်ဒိုနီးရှားဟာ ကျွန်းစု အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တာကြောင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍမှာ ပင်လယ်ရေကြောင်း သွားလာမှုကို ကြီးကြီးမားမား မှီခိုထားရပါတယ်။ ဒါပေမဲ့လည်း ရေယာဉ်တွေရဲ့ ကြံ့ခိုင်ရေး အားနည်းချက်၊ လုံခြုံရေး စံနှုန်းတွေကို မလိုနာမှုစတဲ့ အကြောင်းတွေကြောင့် အသေအပျောက် များပြားတဲ့ ရေကြောင်း မတော်တဆမှုတွေလည်း ရံဖန်ရံခါ ကြုံတွေ့လေ့ရှိပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။