Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်းပေါ် ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် ပျက်ကျမှုမှာ သေဆုံးစာရင်း ၂၅ ဦးထိရှိလာ

စာသင်ကျောင်းပေါ် ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅ ဦးထိ မြင့်တက်လာပြီး အများစုက ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

Getty Images

စာသင်ကျောင်းပေါ် ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၅ ဦးထိ မြင့်တက်လာပြီး အများစုက ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က ဒါကာမြို့တော် မြောက်ပိုင်း ရပ်ကွက်တစ်ခုထဲမှာ ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ F-7 BGI တိုက်လေယာဉ် တစ်စီးက စာသင်ကျောင်း တည့်တည့်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အရှိန်နဲ့ ထိုးဆင်းလာတဲ့ လေယာဉ်ကြောင့် နှစ်ထပ် အဆောက်အအုံမှာ ပေါက်ကွဲ မီးလောင်မှုတွေ ဖြစ်ပြီး လေယာဉ်မှူးအပြင် ကလေး အများအပြားပါ ထိခိုက် သေဆုံးခဲ့ရတာပါ။ ဒဏ်ရာရသူ ဦးရေကလည်း ၁၇၁ ဦးထိ ရှိလာပြီလို့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

Milestone School and College စာသင်ကျောင်းမှာ အသက် ၄ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးတွေ ပညာသင်ကြားနေတာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေဟာ မီးခိုးငွေ့နဲ့ ညှော်နံ့တွေ ထောင်းထောင်းထနေတဲ့ အဆောက်အအုံထဲကနေ ဒဏ်ရာရထားတဲ့ ကလေးတွေကို ကူညီရွှေ့ပြောင်းပေးပြီး အလောင်းတွေကိုလည်း သယ်ထုတ်ခဲ့ရပါတယ်။ ကလေးအများအပြားဟာ မီးလောင်ဒဏ်ရာတွေ ရထားခဲ့ကြတာပါ။

အစောပိုင်းတုန်းက အသေအပျောက်ဟာ ၁၉ ဦးသာ ဖြစ်ခဲ့ပေမယ့်လည်း ဒဏ်ရာ အရမ်းပြင်းတဲ့ ကလေးတွေပါ ဖိတ်စဉ်ကုန်တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ သေရေးရှင်ရေး အခြေအနေ ဖြစ်နေတဲ့ ကလေးတွေကိုတော့ ရဟတ်ယာဉ်တွေပေါ် တင်ပြီး ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဆေးရုံမှာ အခြေအနေ စိတ်မချရသေးတဲ့ လူနာ နှစ်ဒါဇင်လောက် ကျန်နေသေးတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ကုမ္ပဏီ Chenduက ထုတ်လုပ်တဲ့ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းမှုအတွက် အခြေစိုက် စခန်းကနေ ပျံတက်လာပြီး သိပ်မကြာခင်မှာပဲ စက်ချွတ်ယွင်းမှု ပြဿနာတစ်ခု ကြုံတွေ့ရာက ပျက်ကျခဲ့တာလို့ သိရပါတယ်။ လေယာဉ်မှူးဟာ လူနေကျဲပါးတဲ့ နေရာတစ်ခုခုဆီ လေယာဉ်ကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ် စတင်ပျံတက်လာတဲ့ အေကေ ခန်ဒါခါ လေတပ်စခန်းနဲ့ လေယာဉ်ပျက်ကျတဲ့ စာသင်ကျောင်း နေရာဟာ ၁၁ ကီလိုမီတာလောက် ကွာဝေးပါတယ်။ ကျောင်းနားမှာ လူအသွားအလာ စည်ကားရှုပ်ထွေးပြီး စျေးဆိုင်တွေ၊ နေအိမ်တွေ များပြားသလို မြေအောက်ရထား ဘူတာတစ်ခုလည်း ရှိနေပါတယ်။

သေဆုံးသူ လေယာဉ်မှူးဟာ ဗိုလ်အဆင့်ရှိ မိုဟာမက် တူကာ အစ္စလာမ်ဆိုသူဖြစ်ပြီး အိမ်တွေနဲ့ လူတွေ သိပ်သိပ်သည်းသည်း ရှိနေတဲ့ နေရာအစား လူနေပိုကျဲတယ်လို့ ယုံကြည်တဲ့ နေရာဆီ လေယာဉ်ကို ကြိုးစား လမ်းကြောင်းပြောင်းခဲ့ကြောင်း၊ ဖြစ်စဉ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကြေညာသွားပါတယ်။

ဒါကာမြို့တော်မှာတော့ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အသေအပျောက် အများဆုံး လေယာဉ်ပျက်ကျမှု ဖြစ်လာပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း F-7 တစ်စီးဟာ စက်ချွတ်ယွင်းမှုကြောင့် ဒါကာမြို့ပြင်မှာ ပျက်ကျခဲ့ပြီး လေယာဉ်မှူးက လေထီးနဲ့ ခုန်ထွက်ခဲ့ပေမယ့်လည်း အသက်မရှင်ခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ဇူလိုင် ၂၂ ရက်နေ့ကို တစ်နိုင်ငံလုံးအဆင့် ကြေကွဲဝမ်းနည်းမှု ကာလအဖြစ် သတ်မှတ် ကြေညာပြီး နိုင်ငံတော် အလံတွေကို တိုင်တစ်ဝက် နှိမ့်ချ လွှင့်ထူဖို့လည်း ညွှန်ကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ အကြီးအကဲဖြစ်သူ မူဟာမက် ယူနွတ်စ်က ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးအတွက် ထိခိုက်နစ်နာရသူ အားလုံးအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး ဘယ်လို အခြေအနေမျိုး ကြုံခဲ့သလဲ ဆိုတာကို ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်စေမယ်လို့လည်း ကတိပြုသွားခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။