Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းက ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံ ဟာကွက်တွေ ရှိခဲ့ကြောင်း တရုတ်ဝန်ခံ

တရုတ်နိုင်ငံရဲ့ ဘေဂျင်းမြို့တော်နားမှာ ဖြစ်ပွားတဲ့ ရေကြီးမှုတွေနဲ့ ပတ်သက်လို့ ကြိုတင် ပြင်ဆင်မှုပိုင်း၊ တုံ့ပြန်မှုပိုင်းတွေမှာ ဟာကွက်တွေ၊ အားနည်းချက်တွေ ရှိခဲ့ကြောင်း အစိုးရဖက်က ရှားရှားပါးပါး ဝန်ခံခဲ့ပါတယ်။

The New York Times

တရုတ်နိုင်ငံရဲ့ ဘေဂျင်းမြို့တော်နားမှာ ဖြစ်ပွားတဲ့ ရေကြီးမှုတွေနဲ့ ပတ်သက်လို့ ကြိုတင် ပြင်ဆင်မှုပိုင်း၊ တုံ့ပြန်မှုပိုင်းတွေမှာ ဟာကွက်တွေ၊ အားနည်းချက်တွေ ရှိခဲ့ကြောင်း အစိုးရဖက်က ရှားရှားပါးပါး ဝန်ခံခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းက ဘေဂျင်းမြောက်ပိုင်း ဆင်ခြေဖုံး မြို့ရွာတချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဆိုးဆိုးရွားရွား ရေကြီးခဲ့ပြီး စုစုပေါင်း လူ ၄၄ ဦးလောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာတော့ မီယွန်မြို့ဟာ အခြေအနေ အဆိုးဆုံး ဖြစ်ခဲ့ပြီး မြို့ထဲက ဘိုးဘွားရိပ်သာတစ်ခု ရေမြုပ်သွားတဲ့ ဖြစ်ရပ်မှာတင် အသေအပျောက် ၃၁ ဦးလောက်ထိ များပြားခဲ့ပါတယ်။

အာဏာရ တရုတ် ကွန်မြူနစ်ပါတီ (CCP)ရဲ့ မီယွန်မြို့ အုပ်ချုပ်ရေးဌာန အကြီးအကဲ ယူဝေကောင်းက သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ရင် အာဏာပိုင်တွေဖက်က ကြိုတင် ပြင်ဆင်မှု အားနည်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အရမ်းဆိုးရွားပြင်းထန်တဲ့ ရာသီဥတု ပြဿနာ တစ်ခုခု ကြုံလာရင် ထိထိရောက်ရောက် ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာကို အတွေ့အကြုံ ကင်းမဲ့ခဲ့တာက ဟာကွက်တွေ အများကြီး ပေါ်လာစေကြောင်း၊ အရေးကြုံလာရင် လူ့အသက်တွေကို ဦးစားပေး ကယ်ဆယ်ရမယ် ဆိုတာဟာ ကြွေးကြော်နေရုံနဲ့ မလုံလောက်ဘဲ ပြုပြင်စရာတွေ အများကြီး ရှိနေတယ်ဆိုတာ သင်ခန်းစာ ရခဲ့ကြောင်း ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ်ကုန်မှာတော့ မူယန်အပါအဝင် ဆိုးဆိုးရွားရွား ရေဘေးသင့်ခဲ့တဲ့ နေရာတွေမှာ ရေပြန်ကျပြီး ရှင်းလင်းရေး လုပ်ငန်းတွေကို စတင်နေပြီ ဖြစ်ပါတယ်။ ဘေဂျင်းမြောက်ပိုင်း ကီလိုမီတာ ၁၀၀ လောက်အကွာက တိုင်ရှီတန်မြို့မှာ နေထိုင်သူ အသက် ၅၂ နှစ်အရွယ် ဒေသခံ တစ်ဦးကတော့ သူ့တစ်သက်မှာ ဒီလောက်ဆိုးရွားတဲ့ ရေကြီးမှုမျိုး ပထမဆုံးအကြိမ် ကြုံဖူးခဲ့တာလို့ ပြောပြခဲ့ပါတယ်။

ရေကြီးမှုတွေကြောင့် အိမ်တွေ ရေမြုပ်ကုန်တဲ့အပြင် ကားတွေ၊ ဓာတ်တိုင်တွေပါ ရေစီးထဲ မျောပါကုန်ပါတယ်။ မြို့ရွာပေါင်း ရာနဲ့ချီပြီး ဓာတ်အားနဲ့ ဖုန်းလိုင်း ပြတ်တောက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

CCPကတော့ ရေဘေးသင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ယွမ်သန်း ၄၉၀ (ဒေါ်လာ ၆၈ သန်းဝန်းကျင်)ကို ခွဲတမ်းသတ်မှတ်ပေးထားပြီး ဘေဂျင်းမြို့တော် ပိုင်နက်ထဲက ရေဘေးသင့် ဒေသတွေ အတွက်တော့ ယွမ်သန်း ၂၀၀ သီးခြားပေးပို့ထားကြောင်း သိရပါတယ်။

ကိုးကား: France24

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။