Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၇ နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်ကို သွားရောက်မယ့် မိုဒီ

၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ သွားရောက်မယ်လို့ သိရပါတယ်။

Reuters

၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ သွားရောက်မယ်လို့ သိရပါတယ်။

အာရှတိုက်ရဲ့ အင်အားကြီး အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားမှာ တင်းမာတဲ့ အားပြိုင်မှုတွေ ရှိနေပေမယ့်လည်း နှစ်နိုင်ငံစလုံးက အမေရိကန်ရဲ့ ကုန်သွယ်ရေးအရ ပစ်မှတ်ထား ထိုးနှက်မှုတွေ ကြုံလာချိန်မှာ သံတမန် ဆက်ဆံရေးကို ပြန်လည် ကုစားလာကြတယ် ဆိုတာကို အခု ကိစ္စက မြင်သာစေပါတယ်။

အိန္ဒိယ အစိုးရရဲ့ သတင်းရင်းမြစ်တစ်ခုက မိုဒီဟာ ဩဂုတ် ၃၁ ရက်နေ့မှာ စတင်မယ့် ရှန်ဟိုင်း ကော်ပိုရေးရှင်း အဖွဲ့ကြီး (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တိယန်ကျင်းမြို့ကို သွားရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဲဒီသတင်းအပေါ် လောလောဆယ် မှတ်ချက် မပေးသေးပါဘူး။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း အိန္ဒိယ-အမေရိကန် ဆက်ဆံရေးဟာ နှစ်အတော်များများအတွင်း အကြီးမားဆုံး အကျပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ ကုန်သွယ်ဖက် နိုင်ငံအသီးသီးရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေကို ထရမ့်က မြှင့်တင် သတ်မှတ်ခဲ့ရာမှာ အိန္ဒိယဟာ ရာခိုင်နှုန်း အမြင့်ဆုံး အာရှနိုင်ငံတွေ စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောလတ်လတ်အဖြစ် ဩဂုတ် ၆ ရက်နေ့မှာ အိန္ဒိယ သွင်းကုန်တွေအပေါ် ကုန်စည် တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်း ထပ်တိုးပြီး အခွန်စည်းကြပ်တဲ့ အထူးအမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ အမေရိကန်က ကန့်ကွက် သတိပေးထားလျက်နဲ့ ရုရှားရဲ့ ရေနံတွေကို အိန္ဒိယက ဆက်လက် ဝယ်ယူနေတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

SCOဟာ ယူရေးရှား ဒေသတွင်း ဆက်စပ်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အစုအဖွဲ့ တစ်ခုဖြစ်ပြီး အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားလည်း ပါဝင်နေပါတယ်။ မိုဒီဟာ တရုတ်ကို ခြေချခဲ့ဖူးတာ ၂၀၁၈ ဇွန်လတုန်းက နောက်ဆုံးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ နယ်စပ်မှာ စစ်ရေး ပဋိပက္ခတစ်ခု ဖြစ်ရာက တရုတ်-အိန္ဒိယ ဆက်ဆံရေးဟာ သိသိသာသာ ဆိုးရွားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကတော့ BRICS အဖွဲ့ ထိပ်သီးညီလာခံကို ရုရှားနိုင်ငံမှာ အတူတက်ရောက်ရင်း မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ရန်လို တင်းမာတဲ့ ကုန်သွယ်ရေး မူဝါဒတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက် နှစ်နိုင်ငံဟာ အခုတော့ အချင်းချင်းကြားက တင်းမာမှုတွေကို ဖြည်းဖြည်းချင်း ပြန်လည် ဖြေလျှော့ပြီး စီးပွားရေး၊ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်မယ့် လမ်းကြောင်းဆီ ဦးတည်နေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”