Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မိုးသည်းထန်မှုတွေကြောင့် ပါကစ္စတန် မြောက်ပိုင်းမှာ တစ်ရက်တည်းနဲ့ လူ ၁၇၀ နီးပါးသေဆုံး

အပြင်းအထန် သည်းသည်းမည်းမည်း ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးတွေကြောင့် ပါကစ္စတန် မြောက်ပိုင်းမှာ တစ်ရက်အတွင်း လူ ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

AP

အပြင်းအထန် သည်းသည်းမည်းမည်း ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးတွေကြောင့် ပါကစ္စတန် မြောက်ပိုင်းမှာ တစ်ရက်အတွင်း လူ ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၅ ရက်နေ့တုန်းက ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာရာမှာတော့ သေဆုံးသူ ၁၅၀ လောက်ဟာ တောင်ထူထပ်ရာ ခိုင်ဘာ ပက်ထွန်ခွာ ဒေသမှာ နေထိုင်သူတွေလို့ သိရပါတယ်။ ကျန်တာတွေကတော့ ကက်ရှ်မီးယား ဒေသရဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ ဧရိယာနဲ့ နိုင်ငံမြောက်ပိုင်း ဂီလ်ဂျစ် ဘာလစ္စတန် ပြည်နယ်ထဲမှာ ရှိသူတွေ ဖြစ်ပါတယ်။

ခိုင်ဘာ ပက်ထွန်ခွာမှာတော့ မြေပြင်က ရေကြီးမှုတွေသာ မကဘဲ ရာသီဥတု ဆိုးရွားရာက အစိုးရ ရဟတ်ယာဉ်တစ်စီး ပျက်ကျလို့ ၅ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မိုးတွေ သည်းသည်းမည်းမည်း ရွာသွန်းမှုကြောင့် ဖြစ်လာတဲ့ ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှု၊ အိမ်တွေပြိုကျမှုတွေအတွင်း အခုလို လူတွေအများအပြား သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသေအပျောက် စာရင်းမှာတော့ ၁၆၉ ဦး ထက်မနည်း သေဆုံးကြောင်း အတည်ပြုထားပြီး နောက်ထပ် ပျောက်ဆုံးနေသူလည်း အများအပြား ရှိတယ်လို့ ဆိုပါတယ်။

ဒေသဆိုင်ရာ အစိုးရတွေကတော့ ထိခိုက်မှု အဆိုးဆုံး ဧရိယာတွေကို သဘာဝ ဘေးအန္တရာယ် ကပ်ဘေးသင့် နယ်မြေတွေအဖြစ် အရေးပေါ်ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ သေကြေ ပျက်စီးမှုတွေ အဓိက ကြုံခဲ့တဲ့ နေရာတွေမှာတော့ ရုပ်အလောင်းတွေကို အစုလိုက် မြေချ မြှုပ်နှံနေကြတာကိုလည်း တွေ့ရပါတယ်။

မိုးလေဝသ ဌာနကတော့ လာမယ့်ရက်ပိုင်းအတွင်း မိုးဆက်ရွာနိုင်ကြောင်း ကြေညာပြီး လူတွေအနေနဲ့ အန္တရာယ်များတဲ့ ဇုန်နေရာတွေဆီ တတ်နိုင်သမျှ မသွားကြဖို့ တိုက်တွန်း သတိပေးထားပါတယ်။

အခုသီတင်းပတ်ကုန်မှာပဲ ကက်ရှ်မီးယားရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ အပိုင်းမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ကျေးရွာတစ်ခုမှာ ရုတ်တရက် ရေကြီးမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၆၀ လောက် အသက်ဆုံးရှုံးခဲ့ပြီး နောက်ထပ် ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

စံချိန်တင် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဂျပန်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။