Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာက ရိက္ခာဝေတဲ့ နေရာတွေနားမှာ ၃ လနီးပါးအတွင်း ပါလက်စတိုင်း ၁၇၆၀ ထက်မနည်း သေဆုံး

မေလနှောင်းပိုင်းကစလို့ ၃ လနီးပါး ကာလအတွင်း ဂါဇာကမ်းမြှောင် ဒေသမှာ ရိက္ခာဝေငှတာကို စောင့်ဆိုင်းနေသူ ၁၇၆၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

AP

မေလနှောင်းပိုင်းကစလို့ ၃ လနီးပါး ကာလအတွင်း ဂါဇာကမ်းမြှောင် ဒေသမှာ ရိက္ခာဝေငှတာကို စောင့်ဆိုင်းနေသူ ၁၇၆၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် လဆန်းတုန်းကလည်း အလားတူ အခြေအနေကြောင့် အသေအပျောက် စာရင်းကို ထုတ်ပြန်ခဲ့ဖူးရာမှာ နှစ်ပတ်အတွင်း ရာဂဏန်းလောက် ထပ်တိုးလာတာကိုလည်း တွေ့ခဲ့ရပါတယ်။

မေလ ၂၇ ရက်နေ့ကစလို့ ဂါဇာမှာ ရိက္ခာဝေငှတာကို စောင့်ဆိုင်းနေတုန်း အကြောင်းအမျိုးမျိုးကြောင့် ပါလက်စတိုင်း ၁၇၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း၊ အဲဒီထဲက ၉၉၄ ဦးဟာ ဂါဇာ လူသားချင်း စာနာမှု ဖောင်ဒေးရှင်း (GHF)ရဲ့ ပရောဂျက် နယ်မြေတွေမှာ သေဆုံးခဲ့တာ ဖြစ်ပြီး ၇၆၆ ဦးကတော့ ရိက္ခာတင်တဲ့ ထရပ်ကားတွေ ဖြတ်သန်းရာ လမ်းကြောင်းတွေမှာ အသက်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

ကုလသမဂ္ဂ ကြေညာချက်မှာတော့ အဲဒီ သေဆုံးမှု အများစုရဲ့ အဓိက အကြောင်းရင်းဟာ အစ္စရေးတပ်တွေ တိုက်ခိုက်မှုကြောင့်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ပြီးတော့ လေထီးနဲ့ချပေးတဲ့ ရိက္ခာထုပ်တွေ ပိမိလို့ သေဆုံးတာလိုမျိုး တခြား အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

GHF ဆိုတာကတော့ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေနဲ့ မပူးပေါင်းဘဲ အမေရိကန်နဲ့ အစ္စရေးတို့ သီးသန့် အကောင်အထည် ဖော်နေတဲ့ ရိက္ခာဝေငှရေး အစီအမံ ဖြစ်ပါတယ်။ အဲဒီ GHF လုပ်ငန်းလည်ပတ်ရာ နေရာတွေဟာ ရိက္ခာလာရောက်စောင့်ဆိုင်း ထုတ်ယူသူတွေကို အစ္စရေးစစ်တပ်က မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ရာ သတ်ကွင်းတွေ ဖြစ်လာနေကြောင်း စွပ်စွဲမှုတွေလည်း မြင့်တက်နေပါတယ်။

ဩဂုတ် ၁ ရက်နေ့က ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာတော့ ရိက္ခာဝေငှရာ နေရာတွေမှာ သေဆုံးတဲ့ ပါလက်စတိုင်း အရေအတွက်ကို ၁၃၇၃ ဦးလို့ ဖော်ပြခဲ့ဖူးပါတယ်။

ဩဂုတ် ၁၅ ရက်နေ့မှာတင် အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးပြီး အဲဒီထဲက ၁၂ ဦးဟာ ရိက္ခာဝေတာကို တန်းစီစောင့်နေသူတွေ ဖြစ်တယ်လို့ ဂါဇာ ပြည်သူ့ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးကတော့ သူတို့ရဲ့ စစ်တပ်တွေဟာ ဂါဇာမှာရှိတဲ့ ဟားမားစ် အကြမ်းဖက်ဆဲလ်တွေကို ဖြိုခွင်းဖို့ အတွက်ပဲ အဓိက ရည်ရွယ် လုပ်ဆောင်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်း ကိုင်တွယ်နေကြောင်း တုံ့ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ အစ္စရေး စစ်တပ်ဟာ ဂါဇာစီးတီး အပါအဝင် ဂါဇာမြောက်ပိုင်း နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ် သိမ်းယူဖို့ ပြင်ဆင်နေပြီး အကျိုးဆက် အနေနဲ့ ပါလက်စတိုင်း ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ အကျပ်အတည်းတွေ ပိုမို ဆိုးရွားလာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။