Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်အင်အား ချဲ့ထွင်နိုင်ရေး ပိုအားထုတ်ဖို့ ကင်မ်ဂျုံအွန်း တိုက်တွန်း

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ချဲ့ထွင်တည်ဆောက်နိုင်အောင် ပိုမို အားထုတ်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

KCNA/AFP

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ချဲ့ထွင်တည်ဆောက်နိုင်အောင် ပိုမို အားထုတ်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သူက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြား လက်ရှိ လုပ်ဆောင်နေတဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု အစီအစဉ်ကိုလည်း မြောက်ကိုရီးယားအပေါ် ရန်စမှု တစ်ခုအဖြစ် ရှုတ်ချခဲ့ပြီး အကျိုးဆက် အနေနဲ့ စစ်ပွဲတစ်ခု စတင်သွားစေနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်-တောင်ကိုရီးယား စစ်ရေး လုပ်ဆောင်မှုတွေဟာ စစ်လိုလားတဲ့ အဲဒီနှစ်နိုင်ငံရဲ့ သဘောထား ဆန္ဒကို အရမ်း ထင်ရှားမြင်သာစေကြောင်း ကင်မ်ရဲ့ ဝေဖန်မှတ်ချက်ကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။

ဒီလို အပြောင်းအလဲ မရှိတဲ့ ရန်လို ခြိမ်းခြောက်မှုမျိုးကြောင့် မြောက်ကိုရီးယားဟာ ရှိရင်းစွဲ စစ်ရေး သီအိုရီတွေကို သင့်တော်သလို အလျင်အမြန် ပြင်ဆင် ပြောင်းလဲပြီး နျူကလီးယား လက်နက်တိုက်ကို အင်နဲ့အားနဲ့ ချဲ့ထွင်ဖို့ လိုအပ်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ဟာ ဩဂုတ် ၁၈ ရက်နေ့တုန်းက မြောက်ကိုရီးယား ဖျက်သင်္ဘော အသစ် ချိုဟွန်းမှာ တပ်ဆင်ထားတဲ့ လက်နက် စနစ်တွေကို သွားရောက် စစ်ဆေး လေ့လာချိန်မှာ အဲဒီလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

သူက ရေတပ်ရဲ့ နည်းပညာ မြှင့်တင်မှုတွေနဲ့ နျူကလီးယား စစ်လက်နက် တပ်ဆင်နိုင်စွမ်းတွေဟာ မျှော်မှန်းထားတဲ့ အစီအစဉ်တွေအတိုင်း ပုံမှန် တိုးတက်နေတာကို ကျေနပ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ကြောင်း သိရပါတယ်။

တစ်ဖက်မှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်စဉ် ပူးပေါင်း ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို ဩဂုတ် ၁၈ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ အဲဒီ လေ့ကျင့်မှုတွေမှာ မြောက်ကိုရီးယားဆီက နျူကလီးယား တိုက်ခိုက်မှုတွေ ကြုံလာရင် တန်ပြန်ဖို့ အစီအမံတွေ ပါဝင်မယ်လို့လည်း ယူဆရပါတယ်။

နောက်ပြီး ၁၁ ရက် ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုအတွင်း ကျည်အစစ်တွေ အသုံးပြု ပစ်ခတ်တိုက်ခိုက်တဲ့ အစီအစဉ် တချို့လည်း ပါဝင်လိမ့်မယ်လို့ အမေရိကန် စစ်တပ်က အတည်ပြုထားပါတယ်။

တောင်ကိုရီးယားမှာ လီဂျေမြောင် သမ္မတ ဖြစ်လာတဲ့နောက် မြောက်ပိုင်းက ပြိုင်ဘက်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင် ကုစားဖို့ ကြိုးစားသွားမယ်လို့ အတိအလင်း ပြောကြားထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားနဲ့ ပြန်လည် သင့်မြတ်ဖို့ လုံးဝ စိတ်ကူးမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဘာဗီ နီးကပ်လာတဲ့နောက် မြောက်ကိုရီးယားမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက်တွေ အပူတပြင်း ထုတ်ပြန်ထားပါတယ်။