Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေရဲ့ ဒုံးကျည်ပစ်ခတ်မှုကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်

ယီမင်နိုင်ငံကနေ အစ္စရေးကို ဒုံးကျည် အမျိုးအစားအသစ်နဲ့ ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးဟာ ယီမင်ရဲ့မြို့တော် ဆာနားမှာရှိတဲ့ သမ္မတအိမ်တော် အပါအဝင် ဟိုသီ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

AFP

ယီမင်နိုင်ငံကနေ အစ္စရေးကို ဒုံးကျည် အမျိုးအစားအသစ်နဲ့ ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးဟာ ယီမင်ရဲ့မြို့တော် ဆာနားမှာရှိတဲ့ သမ္မတအိမ်တော် အပါအဝင် ဟိုသီ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ဟာ ဆာနား အပါအဝင် ယီမင်နိုင်ငံရဲ့ နယ်မြေ တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဟိုသီတွေက အစ္စရေးကို ဒုံးကျည်နဲ့ လှမ်းပစ်ခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဩဂုတ် ၂၄ ရက်နေ့ကတော့ ယီမင် သမ္မတအိမ်တော်နဲ့ တခြားပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပါတယ်။

အစ္စရေးရဲ့ ပစ်မှတ်တွေထဲမှာ ဓာတ်အားပေး စက်ရုံနှစ်ခုနဲ့ လောင်စာဆီ သိုလှောင်ကန် တစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ ဟိုသီတွေ ထိန်းချုပ်ထားတဲ့ အယ်လ်မာဆီရာ သတင်းဌာနက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဆာနားမှာ ၄ ဦးထက်မနည်း သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသွားပါတယ်။

အရင်ကတည်းက အစ္စရေးနိုင်ငံနဲ့ အစ္စရေး ပြည်သူတွေကို အန္တရာယ် ကျရောက်စေအောင် အကြိမ်ကြိမ် ရန်စနေခဲ့တဲ့ ဟိုသီ အကြမ်းဖက်သမားတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခုလိုမျိုး စစ်ရေးအရ တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ပိုင်နက်ကနေ ကီလိုမီတာ ၂၀၀၀ လောက်ထိ ကွာဝေးတဲ့ နေရာမှာ အစ္စရေး တိုက်လေယာဉ် ၁၀ စီးထက်မနည်းက ပစ်မှတ်တွေကို ဗုံးကြဲခဲ့ကြတာလို့ သိရပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဟိုသီတွေဟာ အစ္စရေးကို ပစ်ခတ်လိုက်တဲ့ ဒုံးကျည် တစ်စင်းစီအတွက် အဆပေါင်းများစွာ ပြန်ပေးဆပ်ရမယ်ဆိုတာ နားလည်ထားဖို့ လိုတယ်လို့ သတိပေးသွားပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုဟာ နိုင်ငံရဲ့ စစ်ရေး စွမ်းရည်နဲ့ ခံယူချက် ပြတ်သားမှုကို ထင်ဟပ်စေကြောင်း ကြွေးကြော်ခဲ့ပါတယ်။

ဟိုသီတွေက အစ္စရေးကို ဩဂုတ် ၂၃ ရက်နေ့တုန်းက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒုံးကျည် အမျိုးအစားကို တိတိကျကျ မပြောပေမယ့် အစ္စရေး လေတပ်ကတော့ ဟိုသီတွေဟာ အရင်တုန်းက အဲဒီဒုံးကျည်မျိုး လုံးဝ သုံးစွဲဖူးတာ မတွေ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ ထိပ်ဖူး အသေးစားလိုမျိုး ခဲယမ်းတွေ ဖြည့်တင်းထားပြီး ပေါက်ကွဲချိန်မှာ ဆင့်ပွား ထိခိုက်မှုတွေ ဖြစ်လာအောင် တည်ဆောက်ထားတာလို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယီမင် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဆော်ဒီအာရေးဘီးယားရဲ့ F-15 တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် နယ်မြေဖြစ်တဲ့ မက္ကာမြို့ကို ဟိုသီတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

Facebook