Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟိုသီ ဝန်ကြီးချုပ် သေဆုံးသွားကြောင်း ဟိုသီအဖွဲ့ အတည်ပြု

ယီမင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ဟိုသီ လက်နက်ကိုင် တပ်ဖွဲ့က ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အာမက် အယ်လ်ရာဟာဝီ သေဆုံးခဲ့ကြောင်း ဟိုသီတွေက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ယီမင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ဟိုသီ လက်နက်ကိုင် တပ်ဖွဲ့က ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အာမက် အယ်လ်ရာဟာဝီ သေဆုံးခဲ့ကြောင်း ဟိုသီတွေက အတည်ပြုခဲ့ပါတယ်။

အစ္စရေးနဲ့ ယီမင် မီဒီယာတွေက ဩဂုတ် ၂၈ ရက်နေ့တုန်းက ယီမင်ရဲ့မြို့တော် ဆာနားမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေး တိုက်ခိုက်မှုကြောင့် အယ်လ်ရာဟာဝီနဲ့ ဟိုသီ အစိုးရအဖွဲ့ ထိပ်တန်း ဝန်ကြီးတွေ သေဆုံးခဲ့ကြောင်း သတင်းတွေကို ဖော်ပြခဲ့ပြီး ဩဂုတ် ၃၀ ညပိုင်းမှာတော့ ဟိုသီတွေဖက်က အဲဒီကိစ္စ မှန်ကန်ကြောင်း ထုတ်ပြန်ခဲ့တာပါ။

ယီမင်မှာ နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ အစိုးရနဲ့ ဆာနားအပါအဝင် နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားရာ ဟိုသီတွေက ဖွဲ့စည်းထားတဲ့ အစိုးရဆိုပြီး ပြိုင်ဘက် အစုအဖွဲ့ နှစ်ခု ရှိနေပါတယ်။ ဟိုသီတွေဟာ အစ္စရေးရဲ့ ကမ္ဘာ့ရန် အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစု တစ်ခုပါ။

အယ်လ်ရာဟာဝီ သေဆုံးမှုကို ဟိုသီတွေက ကြေညာခဲ့သလို အစ္စရေးစစ်တပ် (IDF)ကလည်း ဆာနားမြို့နားက ဟိုသီ အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပတဲ့ နေရာတစ်ခုကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး ဟိုသီ ဝန်ကြီးချုပ် အပါအဝင် စီနီယာ ခေါင်းဆောင်တွေကို သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုသီတွေက အသေအပျောက်စာရင်းဟာ အယ်လ်ရာဟာဝီ တစ်ဦးတည်း မကဘူးလို့ ဝန်ခံပေမယ့် နောက်ထပ် ဘယ်သူတွေ သေဆုံးသလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။

အရှေ့အလယ်ပိုင်းဒေသ အခြေစိုက် မီဒီယာတွေကတော့ သေဆုံးစာရင်းမှာ ဟိုသီ နိုင်ငံခြားရေးဝန်ကြီး၊ တရားရေးဝန်ကြီး၊ လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီး၊ လူမှုဖူလုံရေးနဲ့ အလုပ်သမားရေးရာ ဝန်ကြီးတို့ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟိုသီ သမ္မတ မဟာဒီ အယ်လ်မာရှတ်ရဲ့ သမ္မတရုံး ကြေညာချက်မှာတော့ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေထဲမှာ ဒဏ်ရာ အနည်းအကျဉ်း၊ ဒါမှမဟုတ် အပြင်းအထန် ရသွားသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဟိုသီ ဒုတိယ ဝန်ကြီးချုပ် မူဟာမက် အာမက် မစ်ဖ်တားဟ်ဟာ အယ်လ်ရာဟာဝီရဲ့ အရိုက်အရာကို ဆက်ခံယူမှာ ဖြစ်တယ်လို့လည်း သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟိုသီ ဝန်ကြီးချုပ် သေဆုံးမှုဟာ အစ္စရေး လက်ချက်ကြောင့် မဟာမိတ်တွေ ဆက်တိုက် ဆုံးရှုံးနေရတဲ့ အီရန် အစိုးရအတွက်လည်း နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။

ဟိုသီတွေဟာ အစ္စရေး ပိုင်နက်ထဲကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိပြီး အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဟိုသီတွေဖက်က အတွဲလိုက် ပေါက်ကွဲနိုင်တဲ့ ဗုံးပဒေသာ ထိပ်ဖူးတပ် ဒုံးကျည်နဲ့ အစ္စရေးကို ပစ်ခတ်ခဲ့တဲ့အတွက် ဆာနားမှာရှိတဲ့ ပစ်မှတ်တွေကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။