Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ အညူတင်

ကြိုတင်ပြီး ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း အညူတင် ချန်ဗီရာကူလ်ဟာ ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ကြိုတင်ပြီး ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း အညူတင် ချန်ဗီရာကူလ်ဟာ ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဖေထောင်ထန် ရှီနာဝတ်ထ်ကို ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ကျင့်ဝတ်ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ထုတ်ပယ်ခဲ့တဲ့နောက် လစ်လပ်နေတဲ့ ရာထူးမှာ ဆက်ခံဖို့ အညူတင်ကို စက်တင်ဘာ ၅ ရက်နေ့မှာ လွှတ်တော် အမတ်တွေက မဲပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဖေထောင်ထန်ရဲ့ ဖျူထိုင်းပါတီဟာ ညွန့်ပေါင်း အစိုးရရဲ့ အာဏာဆုပ်ကိုင်မှုကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း အဓိက အင်အားကြီး အတိုက်အခံဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရသွားခဲ့သူ ကွန်ဆာဗေးတစ်ပါတီ ဘွန်ဂျိုင်ထိုင်းရဲ့ ခေါင်းဆောင် အညူတင်ကသာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့မှာ အဆိုပြု ဝန်ကြီးချုပ်လောင်းတွေကို မဲမပေးခင် ကတည်းက စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးဖြစ်တဲ့ အညူတင်ဟာ ဖျူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း ချိုင်ကာဆမ် နီတီဆီရီထက် အလားအလာ ပိုကောင်းနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော် မဲပေးမှုတွေအရတော့ အညူတင်ဟာ ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပြီး ဖျူထိုင်းပါတီ အတွက်ကတော့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ မဲရေတွက်မှုတွေ မပြီးဆုံးခင်၊ ရလဒ်ကို တရားဝင် မကြေညာခင် ကတည်းက ထိုင်းမီဒီယာတွေက အညူတင် ဝန်ကြီးချုပ်နေရာအတွက် သေချာသွားတယ် ဆိုတာကို ဖော်ပြခဲ့ကြပါတယ်။

အညူတင်ရဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီဟာ အရင်က ဖျူထိုင်းဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်ခဲ့ပေမယ့် ဖေထောင်ထန်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းတို့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု နောက်ပိုင်းမှာ နုတ်ထွက်ခဲ့တာပါ။ ဘွမ်ဂျိုင်ထိုင်းဟာ ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပြီး အဲဒီ အသံဖိုင်ထဲမှာ ဖေထောင်ထန်က ထိုင်းစစ်တပ်ကို ပုတ်ခတ် ပြောဆိုထားတဲ့အတွက် အညူတင်က ဆန္ဒပြတဲ့ အနေနဲ့ ညွန့်ပေါင်း အစိုးရကို ကျောခိုင်းခဲ့တာပါ။

ဖေထောင်ထန် ထုတ်ပယ်ခံရပြီးတဲ့ နောက်မှတော့ သူက ဝန်ကြီးချုပ် နေရာအတွက် အားထည့် ယှဉ်ပြိုင်မယ့် သဘောထားကို ကြေညာခဲ့ပါတယ်။ ပြီးတော့ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကိုလည်း အရယူ စည်းရုံးနိုင်ခဲ့တာကြောင့်လည်း ဖျူထိုင်းပါတီက အဆိုပြုခဲ့တဲ့ ချိုင်ကာဆမ်အပေါ် အသာစီးရခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။