Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ဘာသာရေးကျောင်းပြိုကျပြီး သုံးဦးသေဆုံး ၊လူ ၄၀ နီးပါး ပိတ်မိနေ

အင်ဒိုနီးရှားမှာ ဘာသာရေး ကျောင်းတစ်ကျောင်း ပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူ လူ ၃၈ ဦး ကို ကယ်ဆယ်ရေးတွေက အပူတပြင်း ရှာဖွေနေပါတယ်။

ဓာတ်ပုံ - AFP

စက်တင်ဘာ – ၃၀ ၊၂၀၂၅

အင်ဒိုနီးရှားမှာ ဘာသာရေး ကျောင်းတစ်ကျောင်း ပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူ လူ ၃၈ ဦး ကို ကယ်ဆယ်ရေးတွေက အပူတပြင်း ရှာဖွေနေပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က အရှေ့ဂျာဗားမှာရှိတဲ့ ကျောင်းအိပ် ကျောင်းစား အစ္စလာမ် ဘာသာရေး ကျောင်းတစ်ခုဟာ နေ့လယ်ပိုင်း ဝတ်ပြုချိန်အပြီး ရုတ်တရက် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ညနေပိုင်းထိ အခြေအနေအရ သုံး ဦးသေဆုံးကြောင်း အတည်ပြုထားပြီး အသက်ရှင် လွတ်မြောက်ခဲ့သူ ၉၉ ဦး ရှိတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးတွေကတော့ ပျောက်ဆုံးနေသူ ၃၈ ဦးကို အပျက်အစီးတွေကြားမှာ လိုက်ရှာနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဘာသာရေးကျောင်း အဆောက်အအုံဟာ မွမ်းမံတည်ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာလည်း ဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အက်ဘ်ဒူလ် မူဟာရီက ဆိုပါတယ်။

ရုတ်တရက် ပြိုကျလာတဲ့ အဆောက်အအုံ အပျက်အစီး အစိတ်အပိုင်းတွေဟာ ကျောင်းသားတွေနဲ့ အလုပ်သမားတွေအပေါ် ပိမိသွားခဲ့တာလို့ သူက ပြောပြပါတယ်။

အပျက်အစီးတွေအောက်ကနေ အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့သူတွေထဲက ၈၀ လောက်ကိုတော့ ဆေးရုံပို့ဆောင်ထားရပါတယ်။ အပျက်အစီးတွေကိုလည်း စက်ယန္တရားတွေပါ အသုံးပြုပြီး ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

ကျောင်းအဆောက်အအုံ ရုတ်တရက် ပြိုကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဒါပေမဲ့ ကနဦး စစ်ဆေးချက်တွေအရ အထပ်သစ် ထပ်မြှင့်ပြီး ဆောက်လုပ်မယ့် အစီအစဉ်အတွက် လုံလောက်တဲ့ အောက်ခြေ ကြံ့ခိုင်မှုမျိုး အဲဒီ အဆောက်အအုံမှာ ရှိမနေခဲ့ဘူးလို့ စုံစမ်းရေး အရာရှိတွေက ယူဆထားပါတယ်။

ကျောင်းရဲ့ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်သူ အက်ဘ်ဒူစ် ဆာလမ် မူဂျစ်ဘ်က သုံးထပ်မှာ အလုပ်သမားတွေက ကွန်ကရစ်တွေ လောင်းချလိုက်ပြီး မကြာခင် ပြိုကျမှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာ ကျောင်းသားတွေရော၊ အလုပ်သမားတွေပါ ပါဝင်နေပါတယ်။

ကျောင်းဟာ မူလက သုံးထပ် အဆောက်အအုံ ဖြစ်ပေမယ့် လေး ထပ်အဖြစ် ချဲ့ထွင် တည်ဆောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာတော့ ဆောက်လုပ်ရေးဆိုင်ရာ ကြံ့ခိုင်မှု စံနှုန်းတွေကို တိတိကျကျ မလိုက်နာဘဲ တည်ဆောက်ထားတဲ့ အဆောက်အအုံ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း လူထိခိုက်သေဆုံးတဲ့ ပြိုကျမှု ဖြစ်စဉ်တွေကို သတင်းကြားရလေ့ ရှိပါတယ်။

လဆန်းပိုင်းတုန်းကလည်း ဘာသာရေး ဝတ်ပြုဆောင်အဖြစ် အသုံးပြုတဲ့ အဆောက်အအုံတစ်ခု အနောက်ဂျာဗားမှာ ပြိုကျသွားရာက လူ သုံး ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။