Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြိုကျထားတဲ့ အင်ဒိုနီးရှား ကျောင်းရဲ့ အောက်ထဲမှာ လူ ၆၀ နီးပါး ပိတ်မိနေဆဲ

ပြိုကျသွားခဲ့တဲ့ အင်ဒိုနီးရှား ဘာသာရေး ကျောင်းအဆောက်အအုံ အောက်ကနေ လူ ၅ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၆၀ နီးပါးကို အပူတပြင်း ရှာဖွေနေဆဲလို့ သိရပါတယ်။

ဓာတ်ပုံ - AP

ပြိုကျသွားခဲ့တဲ့ အင်ဒိုနီးရှား ဘာသာရေး ကျောင်းအဆောက်အအုံ အောက်ကနေ လူ ၅ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၆၀ နီးပါးကို အပူတပြင်း ရှာဖွေနေဆဲလို့ သိရပါတယ်။

အရှေ့ဂျာဗားမှာရှိတဲ့ အစ္စလာမ်မစ် ဘာသာရေးကျောင်းဟာ သုံးထပ် အဆောက်အအုံ အဖြစ်ကနေ လေးထပ်ကို တိုးချဲ့ တည်ဆောက်နေရာက စက်တင်ဘာ ၃၀ ရက်နေ့မှာ ရုတ်တရက် ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ အဆောက်အအုံ ပြိုကျမှုကြောင့် ကလေးတွေရော၊ ဆောက်လုပ်ရေး အလုပ်သမား အများအပြားပါ အပျက်အစီးပုံအောက်မှာ ပိတ်မိနေတာ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အက်ဘ်ဒူလ် မူဟာရီကတော့ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းထိ သတင်းတွေအရ ပိတ်မိနေသူ ၅၉ ဦးလောက် ရှိနေဆဲလို့ ပြောကြားသွားပါတယ်။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတွေ လုပ်ဆောင်နေရာ ဧရိယာ တဝိုက်မှာတော့ စိတ်ပူပန် သောကရောက်နေတဲ့ မိဘတွေ အများအပြားက လာရောက် စုဝေးပြီး သတင်းစောင့်နေကြပါတယ်။

လက်ရှိ အချိန်ထိတော့ အဲဒီဖြစ်ရပ်မှာ သေဆုံးသူ ၅ ဦးထိ အတည်ပြု တွေ့ရှိထားပြီးပါပြီ။ ရုတ်တရက် အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ သိမ်မွေ့ ရှုပ်ထွေးလွန်းနေတယ်လို့လည်း အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ မိုဟာမက် ဆိုင်ယာဖီက မှတ်ချက်ပေးခဲ့ပါတယ်။

တစ်နေရာရာမှာ လွန်နဲ့တူးဖောက်တဲ့အခါ တုန်ခါမှုက တခြားတစ်နေမှာ ပြိုကျမှုတွေ ဖြစ်ပေါ်မှာကို စိုးရိမ်ရကြောင်း၊ ဒီတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြေအောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး အပျက်အစီးပုံ အောက်ထဲ ဝင်နိုင်ဖို့ ကြိုးစားနေရကြောင်း သူက ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ မြေတူးတာ တစ်ခုတည်းကတင် မြေပြိုကျနိုင်တာ အပါအဝင် အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်လို့လည်း ဆိုင်ယာဖီက ပြောပါတယ်။

ဘေးအန္တရာယ် တစ်ခုကြုံပြီးရင် ကယ်ဆယ်ရေး သမားတွေအတွက် ရွှေအချိန်လို့ သတ်မှတ်ကြတဲ့ ၇၂ နာရီ အတောအတွင်း အပျက်အစီးပုံအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေရော၊ သေဆုံးနေသူတွေကိုပါ ထောက်လှမ်း ရှာဖွေနိုင်ဖို့အတွက် လူ့ခန္ဓာကိုယ် အပူချိန်ကို သိရှိနိုင်တဲ့ ဒရုန်းတွေ အပါအဝင် ခေတ်မီ နည်းပညာတွေကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။

အသက်ရှင် ကျန်နေသူတွေ ရှိနေလိမ့်မယ်လို့ ယူဆရတဲ့ နေရာတစ်ခုဆီ ရေနဲ့ အစားအစာတွေ ပို့ဆောင်ထားပေမယ့် အဲဒီတစ်နေရာတည်းကိုပဲ လောလောဆယ် ပေးပို့နိုင်သေးတယ်လို့လည်း ဆိုင်ယာဖီက အတည်ပြုခဲ့ပါတယ်။

အင်ဒိုနီးရှားမှာတော့ ဆောက်လုပ်ရေးဆိုင်ရာ ကြံ့ခိုင်မှု စံနှုန်းတွေကို တိတိကျကျ မလိုက်နာဘဲ တည်ဆောက်ထားတဲ့ အဆောက်အအုံ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း လူထိခိုက်သေဆုံးတဲ့ ပြိုကျမှု ဖြစ်စဉ်တွေကို သတင်းကြားရလေ့ ရှိပါတယ်။

စက်တင်ဘာ လဆန်းပိုင်းတုန်းကလည်း ဘာသာရေး ဝတ်ပြုဆောင်အဖြစ် အသုံးပြုတဲ့ အဆောက်အအုံတစ်ခု အနောက်ဂျာဗားမှာ ပြိုကျသွားရာက လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။