Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မသင်္ကာစရာ ဒရုန်းတွေတွေ့လို့ မြူးနစ်လေဆိပ်ကို ယာယီ ပိတ်ခဲ့ရ

မသင်္ကာစရာ ဒရုန်းတချို့ကို အနီးတဝိုက်မှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကို ယာယီ ပိတ်ခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters

မသင်္ကာစရာ ဒရုန်းတချို့ကို အနီးတဝိုက်မှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကို ယာယီ ပိတ်ခဲ့ရပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က လေဆိပ် ပိတ်ခဲ့ရတဲ့ အခြေအနေကြောင့် လေယာဉ် ခရီးစဉ် ဒါဇင်နဲ့ချီ ရွှေ့ဆိုင်းခဲ့ရပြီး ခရီးသည် ၃၀၀၀ နီးပါးလောက်ဟာ နှောင့်နှေးမှုတွေ ကြုံခဲ့ရပါတယ်။ လေဆိပ်ရဲ့ ထုတ်ပြန်ချက်အရ ပျံတက်မယ့် လေယာဉ် ခရီးစဉ် ၁၇ ခုကို ဆိုင်းငံ့ထားရပြီး ဆင်းသက်လာမယ့် လေယာဉ် ၁၅ စီးကို နီးစပ်ရာ တခြားလေဆိပ်တွေဆီ လမ်းကြောင်းပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ဒိန်းမတ်ရဲ့ လေဆိပ်တွေ၊ စစ်စခန်းတွေနားမှာ ဒရုန်းတွေ တွေ့ရှိခဲ့တဲ့ ကိစ္စအပြီး အလားတူ ကြုံတွေ့လာတဲ့ ပြဿနာပါ။ ဒိန်းမတ်မှာလည်း လေဆိပ်တွေ ယာယီ ပိတ်ပြီး အရေးပေါ် တုံ့ပြန်ခဲ့ရပါတယ်။ ဒိန်းမတ် အစိုးရကတော့ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ ရုရှားရဲ့ စနက်မကင်းဘူးလို့ စွပ်စွဲပြီး နှစ်မျိုးစပ် တိုက်ခိုက်မှု ပုံစံတစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။

မြူးနစ် လေဆိပ်နားမှာတော့ ညမှောင်နေတဲ့ အချိန် ဒရုန်းမီးရောင်တွေကို မြင်ခဲ့ရပေမယ့် အလင်းရောင် မလုံလောက်တာကြောင့် ဒရုန်းတွေရဲ့ အမျိုးအစား၊ အရွယ်အစား၊ စလွှတ်တင်တဲ့ နေရာတွေကို မထောက်လှမ်းနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ မသင်္ကာစရာ ဒရုန်းတွေ မကြာခဏ တွေ့မြင်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်ထဲမှာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့တော်မှာ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေ စုဝေး တိုင်ပင်ခဲ့ကြပါသေးတယ်။

စက်တင်ဘာလတုန်းကလည်း ပိုလန်နိုင်ငံ ပိုင်နက်ထဲ ရုရှား ဒရုန်း အစီး ၂၀ လောက် ကျူးကျော်တာ၊ ရုရှား MiG-31 တိုက်လေယာဉ် ၃ စီးက အက်စ်တိုးနီးယား လေပိုင်နက်ထဲ ဝင်ရောက်တာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

ဒရုန်းတွေ တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဒိန်းမတ်ရဲ့ ကိုပင်ဟေဂင် လေဆိပ်နဲ့ နော်ဝေးရဲ့ အော့စလို လေဆိပ်တွေကိုလည်း ယာယီ ပိတ်ခဲ့ရပါသေးတယ်။

ရုရှားကတော့ ဒိန်းမတ်မှာ ဒရုန်းတွေ စေလွှတ်ခဲ့တယ် ဆိုတာကို ငြင်းဆိုထားပြီး ဒိန်းမတ် အာဏာပိုင်တွေ ကိုယ်တိုင်ကလည်း ရုရှားက အဓိက မသင်္ကာစရာ ဖြစ်နေပေမယ့် တိကျတဲ့ အထောက်အထား မပြသနိုင်တာကို ဝန်ခံထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။