Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းက စျေးဝယ်စင်တာ တစ်ခုမှာ လက်နက်ကိုင် ဓားပြတွေက ရွှေဆိုင်ကို ဝင်ရောက်လုယက်

ထိုင်းနိုင်ငံက စျေးဝယ်စင်တာ တစ်ခုကို လက်နက်ကိုင် ဓားပြတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုထဲက ရွှေထည်တွေကို လုယက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

ထိုင်းနိုင်ငံက စျေးဝယ်စင်တာ တစ်ခုကို လက်နက်ကိုင် ဓားပြတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုထဲက ရွှေထည်တွေကို လုယက်သွားခဲ့ပါတယ်။

နာရာသီဝတ်ပြည်နယ် ရဲတပ်ဖွဲ့က ဆူငိုင်ကိုလော့ခ်မှာ အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ဓားပြမှုအတွက် တိုင်ကြားချက် လက်ခံရရှိထားကြောင်း အတည်ပြုခဲ့ပါတယ်။

အနက်ရောင်တွေ ဝတ်ပြီး မျက်နှာဖုံး စွပ်ထားတဲ့ ဓားပြ ၈ ဦးလောက်ဟာ Big C စျေးဝယ်စင်တာရဲ့ ယောင်ဝါရတ် ခရွန်သပ် ရွှေဆိုင်ကို ဝင်ရောက် စီးနင်းခဲ့ပြီး ရွှေထည်တွေကို လုယက်၊ ပြီးတော့ ပစ်ကပ်ကား နှစ်စီးနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကားနှစ်စီးကလည်း ဖြစ်စဉ် မတိုင်ခင် ကတည်းက အခိုးခံထားခဲ့ရတဲ့ ယာဉ်တွေဆိုတာ ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ ပစ်ခတ်မှု တချို့လည်း ဖြစ်ခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အရာရှိဟာ အခင်းဖြစ်ချိန်က စျေးဝယ်စင်တာထဲမှာ ပစ္စည်းဝယ်ဖို့ ရောက်နေခဲ့တာပါ။ သေနတ်ဒဏ်ရာတွေ ရထားတဲ့ အရာရှိကို ဆေးရုံတင်ပို့ထားရပါတယ်။ အသက် ၂၇ နှစ်အရွယ် အဲဒီ အရာရှိရဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ နောက်ပိုင်းမှာ ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Khaosod

နောက်ပြီး ဓားပြတွေက ဓားစာခံအဖြစ် ယာယီ ထိန်းသိမ်းတာ ခံခဲ့ရတဲ့ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးကလည်း အလွန်အမင်း ထိတ်လန့် တုန်လှုပ်မှုကြောင့် ကုသခံခဲ့ရပါတယ်။

စျေးဝယ်စင်တာထဲမှာ လူတွေ စည်စည်ကားကား ရှိနေချိန်မှာ သေနတ်သံတွေ ထွက်ပေါ်လာခဲ့တာကြောင့် စျေးဝယ်သူတွေ၊ ဝန်ထမ်းတွေ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ လက်နက်ကိုင်တွေက စူပါမားကက်ရဲ့ ကားပါကင်ဖက်ကနေ ဝင်ရောက်လာပြီး လုံခြုံရေး ဝန်ထမ်းတွေကို ထွက်ခွာသွားခိုင်းတာ၊ ပင်မမုခ်ဦး မဟုတ်တဲ့ ဝင်ပေါက်တစ်ခုကနေ ဝင်ရောက်လာပြီး ရွှေဆိုင်ကို ဝင်ရောက် လုယက်ခဲ့တာတွေကို တွေ့ရပါတယ်။

အခု ဓားပြမှုကြောင့် ထိခိုက်ပျက်စီးမှု ပမာဏနဲ့ လုယက်ခံရတဲ့ ရွှေထည်တွေရဲ့ တန်ဖိုးကိုတော့ တိတိကျကျ မသိရသေးပါဘူး။ The Nation သတင်းဌာနကတော့ ရွှေသား ၆ ကီလိုဂရမ် ဝန်းကျင်လောက် ပါသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဓားပြတွေ ထွက်ပြေးသွားပြီးတဲ့နောက် အနီးတဝိုက် နေရာနှစ်ခုမှာ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပြီး အဲဒါက အာဏာပိုင်တွေကို အာရုံလွှဲတဲ့ လုပ်ရပ် ဖြစ်နိုင်တယ်လို့တော့ ရဲတွေက ယူဆထားပါတယ်။

ရဲတပ်ဖွဲ့က အမှုကို အပူတပြင်း စုံစမ်းနေသလို နာရာသီဝတ်မှာ ဖြန့်ကျက်ထားတဲ့ ထိုင်းစစ်တပ်ကလည်း တရားခံတွေကို အမြန်ဆုံး ဖမ်းဆီး ရမိစေဖို့ ဒေသခံ လုံခြုံရေး တပ်ဖွဲ့အင်အားစု အားလုံးကို တပ်လှန့်ထားကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။