Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှု နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားတွေ အစ္စရေးအနှံ့မှာ ပြုလုပ်

အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြီးရဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည် ကြေကွဲ အောက်မေ့မှု အခမ်းအနားတွေကို အစ္စရေး နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြီးရဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည် ကြေကွဲ အောက်မေ့မှု အခမ်းအနားတွေကို အစ္စရေး နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံရဲ့ နယ်စပ် မြို့ရွာတွေကို ဂါဇာ ကမ်းမြှောင်ဒေသဖက်ကနေ ကူးလာတဲ့ ဟားမားစ် ပြောက်ကျားတွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး အစ္စရေး ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၁ ဦးကိုလည်း ဓားစာခံတွေအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါဟာ အစ္စရေး နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး သွေးမြေကျ တိုက်ခိုက်ခံရမှု ဖြစ်လာပါတယ်။

အဲဒီနောက် အစ္စရေးက ဂါဇာမှာ စစ်ဆင်ရေးတွေ တုံ့ပြန်ဆင်နွှဲခဲ့ပြီး ဟားမားစ် ပြောက်ကျားတွေကို တိုက်ခိုက်ရာက ဂါဇာ စစ်ပွဲ စတင်လာပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက လွန်ကဲတဲ့ အဆင့်မျိုးထိ ရောက်သွားပြီး ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် လူပေါင်း ၆၇၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာတော့ အစ္စရေး နိုင်ငံအနှံ့မှာ သေဆုံးသူတွေအတွက် ရည်စူးတဲ့ ဆုတောင်းပွဲတွေ၊ ဟားမားစ် လက်ထဲမှာ ကျန်နေဆဲ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် စုဝေး တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ တခြားတစ်ဖက်မှာတော့ ဂါဇာမှာ အပစ်အခတ် ရပ်စဲနိုင်ရေး၊ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အီဂျစ်နိုင်ငံမှာ ဆွေးနွေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက စစ်ပွဲ နှစ်ပတ်လည် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ အချိန်ထိ ကြီးမားလှတဲ့ ထိခိုက်နာကျင်မှုမျိုး ခံစားနေရဆဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ အစ္စရေးဟာ အံ့မခန်း ကြံ့ကြံ့ခံနိုင်စွမ်းမျိုးကို ပြသနိုင်ခဲ့ကြောင်း ပြောကြားထားခဲ့ပါတယ်။ သွေးဆာနေတဲ့ ရန်သူ အစ္စရေးကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ကြောင်း၊ ဒါပေမဲ့ အစ္စရေးကတော့ ပြိုကွဲမသွားခဲ့ကြောင်း နေတန်ညာဟုက ဆိုပါတယ်။

သူက အစ္စရေးဟာ စစ်ဆင်ရေး ရည်မှန်းချက် အားလုံးကို ပြီးမြောက် အောင်မြင်စေရေး၊ ဓားစာခံ အားလုံး ပြန်လည် လွတ်မြောက်ရေး၊ ဂါဇာမှာ ဟားမားစ် ကြီးစိုးမှုကို အမြစ်ကနေ ဆွဲနုတ်နိုင်ရေး၊ ဂါဇာဟာ အစ္စရေးအတွက် နောက်ထပ် ခြိမ်းခြောက်မှု လုံးဝ မဖြစ်နိုင်တော့တာ သေချာစေရေးတွေကို မမှိတ်မသုန် ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်က အစ္စရေးကို ဟားမားစ်တွေ စီးနင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်း ပြန်လည် ပြောဆိုခဲ့ရာမှာ အားလုံးရဲ့ မှတ်ဉာဏ်ထဲ ထာဝရ ခြောက်လှန့်နေမယ့် အမှောင်မိုက်ဆုံး နေ့တစ်နေ့အဖြစ် ရည်ညွှန်းသွားပါတယ်။

သူက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအမံကို အားလုံးက လိုလားလက်ခံပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာကို ချီးကျူးခဲ့ပြီး သမိုင်းဝင် အခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ပြောပါတယ်။

နိုင်ငံရဲ့ မြို့တွေ အနှံ့အပြားမှာ နှစ်ပတ်လည် အောက်မေ့ကြေကွဲမှု အစီအစဉ်တွေ လုပ်ဆောင်ခဲ့ပေမယ့် အစ္စရေး အစိုးရကတော့ ဂျူးဘာသာရေး ရုံးပိတ်ရက်ကာလ ပြီးဆုံးမယ့် အောက်တိုဘာ ၁၆ ရက်နေ့ထိ တရားဝင် အောက်မေ့ ကြေကွဲမှု အခမ်းအနားတွေ ပြုလုပ်ဦးမှာ မဟုတ်ပါဘူး။

နေတန်ညာဟုက ဟားမားစ်တွေ ပျက်သုဉ်းတဲ့ထိ စစ်ကို ဆက်တိုက်မယ်လို့ ကြုံးဝါးထားပေမယ့်လည်း လူထုအမြင် စစ်တမ်းတွေအရ ပျမ်းမျှ ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းလောက်က ဓားစာခံတွေသာ ပြန်လွတ်မယ်ဆိုရင် စစ်ပွဲကို အပြီးရပ်ဆိုင်းလိုက်ဖို့ ထောက်ခံထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။