Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေဘေးသင့် ပြည်သူတွေကို ကူဖို့ လေယာဉ်တင်သင်္ဘော စေလွှတ်မယ့် ထိုင်းရေတပ်

ရေဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လေယာဉ်တင် သင်္ဘော စေလွှတ်ပေးဖို့ ထိုင်းရေတပ်က စီစဉ်နေပါတယ်။

ဓာတ်ပုံ - Reuters

ရေဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လေယာဉ်တင် သင်္ဘော စေလွှတ်ပေးဖို့ ထိုင်းရေတပ်က စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသတချို့ဟာ နှစ်တွေအတော်များများအတွင်း အဆိုးရွားဆုံး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေဘေးသင့်နေပြီး နိုဝင်ဘာ ၂၅ ရက်နေ့ထိ အခြေအနေအရ သေဆုံးစာရင်း ၁၃ ဦးလောက်ရှိလာခဲ့ပါတယ်။

ကမ်းရိုးတန်း ဧရိယာတွေ အပါအဝင် မလေးရှားနဲ့ နယ်စပ်ထိစပ်ရာ ပြည်နယ် ၈ ခုလောက်မှာ ရေဘေးသင့်တဲ့ အခြေအနေတွေ ကြုံနေတာဖြစ်ပြီး တချို့နေရာတွေမှာ မိုးရေချိန် ၂ မီတာလောက်ထိ လွန်လွန်ကဲကဲ ရွာသွန်းခဲ့ပါတယ်။

ရေဘေးသင့် ဒေသတွေအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ဝန်ထမ်းတွေ ပါရှိမယ့် လှေ ၁၂ စီးပါ ရေယာဉ်အုပ်ကို စေလွှတ်ပေးမယ်လို့ ထိုင်းရေတပ်က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ခရီးစဉ်မှာ ရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော ချာကရီ နာရူဘတ်လည်း လိုက်ပါသွားမှာပါ။ အဲဒီ လေယာဉ်တင် သင်္ဘောပေါ်မှာ ရဟတ်ယာဉ်တွေ၊ ဆရာဝန်တွေအပြင် နေ့စဉ် လူပေါင်း ၃၀၀၀ ကျော်အတွက် အစားအစာ ချက်ပြုတ် ကျွေးမွေးနိုင်မယ့် ရွေ့လျား မီးဖိုတွေကိုပါ တင်ဆောင်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ချာကရီ နာရူဘတ်ဟာ အပေါ့စား လေယာဉ်တင်သင်္ဘောအဖြစ် တည်ဆောက်ထားပေမယ့် လက်ရှိမှာတော့ ရဟတ်ယာဉ်တွေ အတက်အဆင်း ပြုလုပ်ရာ ပလက်ဖောင်း အနေနဲ့ပဲ အဓိက အသုံးပြုနေပါတယ်။ ချာကရီ နာရူဘတ် အပါအဝင် ရေတပ်အုပ်စုဟာ တော်ဝင်ရေတပ်ရဲ့ အမိန့်အရ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ထွက်ခွာမယ်လို့လည်း ကြေညာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အဲဒီ လေယာဉ်တင် သင်္ဘောဟာ ရေဘေးသင့် ပြည်သူတွေကို ကူညီပေးမယ့် ရေပေါ်ဆေးရုံ အနေနဲ့လည်း အသုံးပြုနိင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းတောင်ပိုင်းက ရေဘေးသင့်မှုတွေကို သက်ရောက်ခံစားရသူ ဦးရေဟာ ၂ သန်းနီးပါးလောက်ထိ များပြားပါတယ်။

ရေဘေးသင့် ဒေသတွေဟာ ရာဘာစိုက်ပျိုး ထုတ်လုပ်မှု အဓိက ရပ်ဝန်းတွေဖြစ်ပြီး လက်ရှိ အခြေအနေကြောင့် ရာဘာစျေးကွက်အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ရုတ်တရက် ရေကြီးခဲ့တာကြောင့် တောင်ပေါ်ရွာလေး တစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။