Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ် ပျက်ကျပြီး လစ်ဗျားစစ်တပ် အကြီးအကဲ သေဆုံး

လစ်ဗျားစစ်တပ်ရဲ့ အကြီးအကဲဟာ လေယာဉ် ပျက်ကျမှု တစ်ခုကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

လစ်ဗျားစစ်တပ်ရဲ့ အကြီးအကဲဟာ လေယာဉ် ပျက်ကျမှု တစ်ခုကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

ဗိုလ်ချုပ်ကြီး မိုဟာမက်အလီ အာမက် အယ်လ် ဟာဒက်ဟာ တူရကီ နိုင်ငံမှာ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ဖြစ်ပွားတဲ့ လေယာဉ် ပျက်ကျမှုမှာ တခြား ၄ ဦးနဲ့အတူ အသက်ဆုံးရှုံးခဲ့ကြောင်း လစ်ဗျား ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

Falcon 50 အမျိုးအစား လေယာဉ်ဟာ တူရကီရဲ့ အန်ကာရာ မြို့တော်ကနေ ပျံသန်း ထွက်ခွာလာပြီး မိနစ် ၄၀ ကျော် အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာလာက ပြောပါတယ်။

လစ်ဗျားရဲ့မြို့တော် ထရီပိုလီဆီ ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ဟာ အဆက်အသွယ် မပြတ်တောက်ခင်မှာ အရေးပေါ် ဆင်းသက်ခွင့်ရဖို့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်ဆီ ဆက်သွယ် ခွင့်ပြုချက် တောင်းခံခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ လတ်တလောမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ သိရှိလာသမျှ အချက်အလက်တွေကိုတော့ မကြာခင် ပြည်သူလူထုဆီ အသိပေး ထုတ်ပြန်သွားမယ်လို့လည်း ယာလီကာလာက ဆိုပါတယ်။

လစ်ဗျားမှာတော့ ဝန်ကြီးချုပ် အက်ဘ်ဒူလ် ဟာမစ်ဒ် ဒဘီဘားက ဗိုလ်ချုပ်ကြီး ဟာဒက် ကွယ်လွန်သွားတဲ့ သတင်းဆိုးကို သူ့ရဲ့ အစိုးရက လက်ခံရရှိခဲ့ကြောင်း ကြေညာပါတယ်။ ဝန်ကြီးချုပ်က လစ်ဗျားဟာ နိုင်ငံအတွက် မမှိတ်မသုန် အစွမ်းကုန် တာဝန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဟာဒက်ဟာ နှစ်နိုင်ငံ စစ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သွားရောက်ဆွေးနွေးပြီး အပြန်ခရီးမှာ အဖြစ်ဆိုး ကြုံခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက နိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ပြိုင်ဘက် လက်နက်ကိုင် အင်အားစုတွေက ထရီပိုလီမှာ ရှိနေတဲ့ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျား အစိုးရကို ဖယ်ရှားဖို့ အားထုတ်ခဲ့တာကို တူရကီက ကြားဝင် ဟန့်တားပေးခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ တူရကီဟာ လစ်ဗျား အစိုးရအပေါ် ဩဇာညောင်းလာခဲ့သလို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ ပိုပြီးနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိလာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယား နိုင်ငံမှာ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လစ်ဗျား အာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီရဲ့ သားဖြစ်သူ လုပ်ကြံခံရမှုကို ရုရှား အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ ထိထိရောက်ရောက်၊ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း စစ်ဆေးပေးဖို့ လစ်ဗျား အစိုးရကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံမှာ လူစည်ကားရာ ရပ်ကွက်တစ်ခုထဲ လေယာဉ်ငယ် ပျက်ကျခဲ့ပြီး မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အရေအတွက် အတိအကျ မသိရသေးတဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။