Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်အဓိပတိ ခါမေနီ သေဆုံး

မတ် – ၁ ၊၂၀၂၆

အမေရိကန် နဲ့ အစ္စရေး ရဲ့စစ်ဆင်ရေးအတွင်း အီရန် နိုင်ငံရဲ့ အဓိပတိကြီး အယာတိုလာ ခါမေနီ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက အတည်ပြုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေး တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အီရန် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ သေဆုံးခဲ့တယ်ဆိုတာကို အီရန်ကအစောပိုင်းက ငြင်းဆိုခဲ့ပါတယ်။အမေရိကန်သမ္မတ ထရမ့်ကတော့ အီရန်မှာ ကြီးမားတဲ့ စစ်ဆင်ရေးကိုဆင်နွှဲနေပြီး အီရန်စစ်တပ်ကို ဖျက်ဆီးပစ်မှာဖြစ်သလို အစိုးရ ကိုဖြုတ်ချမယ်လို့ သူရဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်ပြောထားပါတယ်။

ကိုးကား – CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

Facebook