Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခါမေနီဟာ ရုံးခန်းထဲမှာ သေဆုံးခဲ့တယ်လို့ အီရန် အစိုးရ ထုတ်ပြန်

အီရန် အစိုးရရဲ့ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီဟာ သူ့ရဲ့ ရုံးခန်းထဲမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ အီရန် အစိုးရ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန် အစိုးရရဲ့ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီဟာ သူ့ရဲ့ ရုံးခန်းထဲမှာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ အီရန် အစိုးရ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေး-အမေရိကန် ပူးပေါင်း စစ်ဆင်ရေးတွေအတွင်း ခါမေနီ သေဆုံးသွားခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပြီး နာရီပိုင်း အကြာမှာတော့ အီရန်ကလည်း ခါမေနီ ကွယ်လွန်သွားပြီလို့ အတည်ပြုခဲ့ပါတယ်။ နောက်ပြီး အဓိပတိ သေဆုံးမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရက်ပေါင်း ၄၀ သတ်မှတ်မယ်လို့လည်း ဆိုပါတယ်။ လောလောဆယ်တော့ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ ဘယ်သူဖြစ်မလဲ ဆိုတာကို မကြေညာသေးပါဘူး။

ခါမေနီ သေဆုံးမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်တွေကို အစိုးရ မီဒီယာက ဖော်ပြခဲ့ရာမှာ အသက် ၈၆ နှစ်အရွယ် ခေါင်းဆောင်ကြီးဟာ သူ့ရဲ့ ရုံးခန်းထဲမှာ ရှိနေချိန်အတွင်း ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံလိုက်ရတာ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

အစောပိုင်းတုန်းက တဟီရန်မြို့တော်မှာ ရှိနေတဲ့ ခါမေနီရဲ့ စံအိမ်နေရာကို ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအရ အကြီးအကျယ် ပျက်စီးနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ စံအိမ်မှာပဲ ခါမေနီက ရုံးခန်းဖွင့်လှစ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ခါမေနီကို သစ္စာခံတဲ့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)က ရုံးခန်းထဲမှာတင် ခေါင်းဆောင်ကြီး ကျဆုံးခဲ့တာကို ကြည့်ရင် သူဟာ ကြောက်လန့်တကြား ထွက်ပြေး ပုန်းအောင်းနေတယ်ဆိုတဲ့ ရန်သူဖက်က စွပ်စွဲမှုတွေဟာ မဟုတ်မမှန် စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှု သက်သက်ဆိုတာ ထင်ရှားမြင်သာစေကြောင်း ကြေညာခဲ့ပါတယ်။

နောက်ပြီး IRGCက တပ်ဖွဲ့ရဲ့ သမိုင်းတလျှောက် ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် ကြမ်းတမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုကြီး တစ်ခုကို စတင်တော့မယ်လို့လည်း သတိပေးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေနဲ့ အမေရိကန်ရဲ့ အကြမ်းဖက် စစ်စခန်းတွေကို မကြာခင်မှာပဲ ပစ်မှတ်ထားပြီး အစပြုလာမယ်လို့ IRGCက ဆိုပါတယ်။ သိမ်းပိုက်ခံ နယ်မြေတွေ ဆိုတာဟာ အစ္စရေးပိုင်နက်ကို ရည်ညွှန်းတာ ဖြစ်ဖွယ်ရှိပါတယ်။

သတင်းတွေအရ အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ခါမေနီရဲ့ မိသားစုဝင်နဲ့ ဆွေမျိုးတွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ခါမေနီဟာ အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် အဓိပတိကြီး အယာတိုတာ ခိုမေနီ ကွယ်လွန်သွားချိန် ၁၉၈၉ ခုနှစ်မှာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံခဲ့ပြီး အီရန်ရဲ့ အဓိပတိ ဖြစ်လာခဲ့ပါတယ်။ သူဟာ ဘာသာရေး အခြေပြု အုပ်စိုးတဲ့ အစိုးရကို ၃၇ နှစ်တိုင် ဦးဆောင်ခဲ့ပါတယ်။

ခါမေနီမှာ သားသမီး ၆ ဦးရှိပါတယ်။ သူက နိုင်ငံရဲ့ အဓိပတိ တာဝန်ကို ယူထားချိန် တလျှောက်လုံး အီရန်မှာ သမ္မတ ၇ ဦးထိ အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

Facebook