Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွယ်လွန်သူ အီရန် အဓိပတိ ခါမေနီရဲ့သားက အရိုက်အရာ ဆက်ခံဖို့ ရေပန်းအစားဆုံးဖြစ်လာ

ကွယ်လွန်သူ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ သားဖြစ်သူဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး အီရန် အစိုးရရဲ့ အဓိပတိအဖြစ် တင်မြှောက်ခံရဖို့ အလားအလာ အကောင်းဆုံး ဖြစ်လာကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

မတ် – ၄ ၊၂၀၂၆

ကွယ်လွန်သူ အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ သားဖြစ်သူဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး အီရန် အစိုးရရဲ့ အဓိပတိအဖြစ် တင်မြှောက်ခံရဖို့ အလားအလာ အကောင်းဆုံး ဖြစ်လာကြောင်း သိရပါတယ်။

ခါမေနီဟာ အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ကို စတင်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ သူ့ရဲ့ အိမ်တော်ကို ဗုံးကြဲခံရပြီး သေဆုံးခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာ အီရန်က စစ်ပွဲကို အာရုံစိုက်နေရသလို တစ်ဖက်မှာလည်း အဓိပတိ အရိုက်အရာ ဆက်ခံရေး ကိစ္စကိုလည်း အပူတပြင်း ညှိနှိုင်းနေရပါတယ်။

မတ်လ ၃ ရက်နေ့ ညနေပိုင်းကတော့ ခေါင်းဆောင်သစ် တင်မြှောက်မှုအတွက် အဓိက တာဝန်ရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ အစုအဖွဲ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မော့ဂျ်တာဘာ ခါမေနီဟာ အလားအလာ အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရလဒ် ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၆ နှစ်အရွယ် မော့ဂျ်တာဘာဟာ ဖခင် အရိုက်အရာကို ဆက်ခံပြီး အီရန်ရဲ့ အဓိပတိသစ် ဖြစ်လာနိုင်ခြေ အမြင့်ဆုံး ရှိနေတယ်လို့ အဲဒီ လုပ်ထုံးလုပ်နည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက New York Times သတင်းဌာနဆီ အသိပေး ပြောကြားခဲ့ပါတယ်။

ပြီးတော့ အီရန်မှာ ဩဇာအကြီးမားဆုံး၊ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖြစ်ပြီး ခါမေနီကို သစ္စာခံခဲ့တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကလည်း မော့ဂျ်တာဘာကို ထောက်ခံဖို့ ရွေးချယ်ရေး အဖွဲ့ဝင်တွေအပေါ် ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်းဌာန တချို့ကတော့ အီရန် အဓိပတိအဖြစ် မော့ဂျ်တာဘာကို တရားဝင် ရွေးချယ် တင်မြှောက်လိုက်ပြီလို့ ဖော်ပြခဲ့ပေမယ့် အီရန် အစိုးရဆီက တရားဝင် ကြေညာချက် ထွက်ပေါ်မလာသေးပါဘူး။

မော့ဂျ်တာဘာဟာ အစောပိုင်းတုန်းက အစ္စရေးနဲ့ အမေရိကန် ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ အီရန်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ထိပ်ပိုင်း ပုဂ္ဂိုလ် ၄၀ ကျော်ထဲမှာ ပါဝင်ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဓိပတိသစ်ကို ရွေးချယ်မယ့် အချိန်မှာတော့ ဆန်ခါတင် လျာထားစာရင်းထဲ သူ့နာမည်က ပြန်လည် ပါဝင်လာတာ ဖြစ်ပါတယ်။

ခါမေနီရဲ့ ဒုတိယ အကြီးဆုံး သားဖြစ်တဲ့ မော့ဂျ်တာဘာဟာ ဖခင်ဖြစ်သူလိုပဲ သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တစ်ဦးအဖြစ် လူသိများပါတယ်။ ပြီးတော့ IRGCနဲ့လည်း အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။ သူဟာ ဖခင်ဖြစ်သူရဲ့ အစိုးရ အဖွဲ့ထဲမှာ ရာထူးတစ်နေရာ လက်ခံယူထားတာမျိုး မရှိခဲ့ပေမယ့် ၂၀၁၉ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ခံခဲ့ရပါတယ်။

ခါမေနီ လုပ်ကြံခံခဲ့ရတဲ့နောက် လက်ရှိမှာ အီရန်ရဲ့ အုပ်ချုပ်ရေး ကဏ္ဍကို ခါမေနီရဲ့ လက်ရုံးသုံးဦး စုဖွဲ့ထားတဲ့ ယာယီ ကောင်စီ တစ်ခုက ဦးဆောင်နေပါတယ်။ ခါမေနီ သေဆုံးသွားခြင်းဟာ အီရန်မှာ ကြီးမားတဲ့ အာဏာလေဟာနယ် တစ်ခုကို ဖြစ်ပေါ်လာစေပြီး လက်ရှိလို စစ်ပွဲကာလမျိုးမှာ အဲဒီ နေရာကို အမြန်ဆုံး ပြန်ဖြည့်ဖို့ အရေးတကြီး လိုအပ်နေကြောင်း နိုင်ငံရေး သုတေသီတွေက ထောက်ပြထားကြပါတယ်။

ကိုးကား – New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။