Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စစ်သားတွေကို လက်မခံဖို့ ဒေသတွင်း ဟိုတယ်တွေကို အီရန်သတိပေး

အမေရိကန် စစ်သားတွေကို တည်းခိုခွင့် မပေးဖို့ ဒေသတွင်း နိုင်ငံတွေရဲ့ ဟိုတယ်တွေကို အီရန်က သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - US Army

အမေရိကန် စစ်သားတွေကို တည်းခိုခွင့် မပေးဖို့ ဒေသတွင်း နိုင်ငံတွေရဲ့ ဟိုတယ်တွေကို အီရန်က သတိပေးလိုက်ပါတယ်။

အဲဒီတားမြစ်ချက်ကို မလိုက်နာရင် နောက်ဆက်တွဲ ကြုံလာမယ့် အကျိုးဆက်တွေအပေါ် တာဝန်မယူဘူးလို့လည်း အီရန်က ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်ရဲ့ သတိပေးမှုဟာ ဘာရိန်းနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့လို နိုင်ငံတွေအပေါ် အဓိက ရည်ရွယ်ထားပါတယ်။

အီရန်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ Fars သတင်းဌာနက အမေရိကန် စစ်သားတွေကို တည်းခိုခွင့် ပြုထားတဲ့ ဟိုတယ်တွေဟာ အီရန် လက်နက်ကိုင် တပ်တွေအတွက် တရားဝင် ပစ်မှတ်ထားခွင့် ရှိလာမယ်လို့ ပြောပါတယ်။

အီရန်စစ်ပွဲတလျှောက် ဒေသတွင်း နိုင်ငံတွေထဲက အမေရိကန် စစ်စခန်းတချို့ကို အီရန်ဒုံးကျည်နဲ့ ဒရုန်းတွေ ထိမှန်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အဲဒိနောက် အမေရိကန် တပ်ဖွဲ့ဝင် တချို့ဟာ ဟိုတယ်တွေမှာ ပြောင်းရွှေ့နေထိုင်နေကြောင်း Farsက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘာရိန်းနဲ့ ယူအေအီးတို့မှာ အရပ်သားတွေ တည်းခိုနေတဲ့ ဟိုတယ်တွေ ဖြစ်နေတဲ့တိုင် အမေရိကန် စစ်သားတွေ ရှိနေတယ်ဆိုရင် အီရန်ကတော့ စစ်ရေးပစ်မှတ်လို့ပဲ သတ်မှတ်လိမ့်မယ်လို့ Farsက သတိပေးထားပါတယ်။

အီရန် နိုင်ငံခြားရေး အဘက်စ် အာရက်ချီကလည်း အမေရိကန် စစ်သားတွေဟာ စခန်းတွေကို စွန့်ခွာထွက်ပြေးပြီး အရပ်သားတွေကြား ရောနှောနေတာဟာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချတဲ့ အဓိပ္ပါယ်နဲ့ တူတူပဲလို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (GCC) အဖွဲ့ဝင် နိုင်ငံတွေမှာရှိတဲ့ စစ်စခန်းတွေကနေ ထွက်ပြေးလာတဲ့ အမေရိကန် စစ်သားတွေဟာ ဟိုတယ်တွေနဲ့ ရုံးခန်းတွေထဲ ဝင်ပုန်းနေတယ် ဆိုတာဟာ GCC နိုင်ငံတွေရဲ့ ပြည်သူတွေကို လူသားဒိုင်းတွေအဖြစ် သုံးစွဲနေတာဖြစ်တယ်လို့ အာရက်ချီက မတ်လ ၂၆ ရက်နေ့မှာ လူမှုကွန်ရက် မီဒီယာ Xပေါ် ရေးသားသွားခဲ့ပါတယ်။

ကိုးကား: Fars, Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

သဘောတူညီမှု တစ်ခုခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ထပ် နှစ်ပတ်၊ သုံးပတ်လောက် အကြာမှာ အမေရိကန်ဟာ လက်ရှိ စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ အီရန်ကို စွန့်ခွာမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ကလေးစစ်သားတွေကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Facebook