Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီမှာရှိတဲ့ စစ်စခန်းကို အီရန်ဒုံးကျည် ထိမှန်၊ အမေရိကန် တပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာရ၊ လေယာဉ်တွေပျက်စီး

ဆော်ဒီအာရေးဘီးယားမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်ဒုံးကျည် ထိမှန်လို့ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့သလို အဆောက်အအုံနဲ့ စစ်လေယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဆော်ဒီအာရေးဘီးယားမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်ဒုံးကျည် ထိမှန်လို့ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့သလို အဆောက်အအုံနဲ့ စစ်လေယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၇ ရက်နေ့က မင်းသားဆူလ်တန် လေတပ်စခန်းကို အီရန်ဒုံးကျည် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၁၂ ဦးလောက် ဒဏ်ရာရခဲ့ပြီး အနည်းဆုံး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် အမေရိကန် လေတပ်ရဲ့ ဝေဟင်ဆီဖြည့် လေယာဉ်တချို့လည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အီရန်ဟာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပူးတွဲပစ်ခတ်တဲ့ တိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဓိက ထိခိုက်ပျက်စီးမှုတွေဟာ ပဲ့ထိန်းဒုံးကျည်ကြောင့်လို့ ယူဆရပြီး ဒရုန်းတချို့ပါ အဲဒီစစ်စခန်းကို ထိမှန်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အီရန် တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ လေယာဉ်တွေကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်း တချို့လည်း လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲ ကာလအတွင်း မင်းသားဆူလ်တန် လေတပ်စခန်းမှာ အီရန်တိုက်ခိုက်မှုတွေ ထိမှန်ခဲ့တာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ မတ်လ ၁ ရက်နေ့တုန်းကလည်း အလားတူ တိုက်ခိုက် ခံရပြီး အသက် ၂၆ နှစ်အရွယ် တပ်ကြပ်ကြီး ဘင်ဂျမင် ပန်နင်တန် ဒဏ်ရာရခဲ့သလို နောက်ထပ် ရက်ပိုင်းအကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အခုဆိုရင် အီရန်စစ်ပွဲမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ သေဆုံးတာ ၁၃ ဦးထိ ရှိခဲ့ပြီးပါပြီ။

အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)ကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အရှေ့အလယ်ပိုင်း ဒေသမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၃၀ လောက်က ဆေးရုံတက်နေရဆဲ ဖြစ်ကြောင်း၊ ၁၀ ဦးက ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ထားပါတယ်။

လောလောဆယ်တော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ရပ်စဲရေးအတွက် အီရန်နဲ့ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောကြားထားပြီး တစ်ဖက်မှာလည်း အရှေ့အလယ်ပိုင်း ဒေသဆီ တပ်အင်အားတွေ ဖြည့်တင်း ပို့ဆောင်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုကတော့ အဲဒီလို တပ်အင်အား ဖြည့်တင်းမှုတွေ လုပ်နေတဲ့တိုင် အမေရိကန်ဟာ မြေပြင်တပ်တွေ စေလွှတ်စရာ မလိုဘဲ အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေး ရည်မှန်းချက်အားလုံး ပြည့်မြောက်အောင် စွမ်းဆောင်နိုင်ဆဲလို့ ပြောကြားထားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သဘောတူညီမှု တစ်ခုခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ထပ် နှစ်ပတ်၊ သုံးပတ်လောက် အကြာမှာ အမေရိကန်ဟာ လက်ရှိ စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ အီရန်ကို စွန့်ခွာမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ကလေးစစ်သားတွေကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျား တပ်ဖွဲ့တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသက စစ်ရေး အခြေအနေတွေ ပိုမို ရှုပ်ထွေးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်သားတွေကို တည်းခိုခွင့် မပေးဖို့ ဒေသတွင်း နိုင်ငံတွေရဲ့ ဟိုတယ်တွေကို အီရန်က သတိပေးလိုက်ပါတယ်။