Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်မှာ ရထားနှစ်စီး တိုက်မိပြီး ၁ ဦးသေ၊ ၉၀ နီးပါး ဒဏ်ရာရ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့တုန်းက လန်ဒန်မြို့ မြောက်ဖက် ကီလိုမီတာ ၉၀ လောက်အကွာ ဘက်ဒ်ဖို့ဒ်မြို့နားမှာ ခရီးသည်တင် ရထားနှစ်စီး တိုက်မိတာ ဖြစ်ပါတယ်။ East Midlands ကုမ္ပဏီက ပြေးဆွဲတဲ့ ရထားနှစ်စီးဟာ သံလမ်းတစ်ခုတည်းပေါ်မှာ ရှေ့နောက် ဆင့်တိုက်မိခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဖြစ်စဉ်မှာတော့ လူ ၁ ဦး သေဆုံးပြီး ၁၁ ဦးက အရမ်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း၊ နောက်ထပ် ဒဏ်ရာ ပြင်းထန်သူ ၂၂ ဦးရှိပြီး ၅၆ ဦးကတော့ အသေးစား ဒဏ်ရာတွေလောက်သာ ရခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ရထားချင်းတိုက်မှုကို ကိုယ်တွေ့ ကြုံခဲ့တဲ့ ခရီးသည် ပိထ်နက်ပ်က ခြေထောက်ကျိုးပြီး နာကျင်လွန်းလို့ စကားတောင် မပြောနိုင်ဘဲ ဖြစ်နေသူတွေကို မြင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ရထားတိုက်ပြီးချိန်မှာ သူလိုက်ပါလာတဲ့ ရထားတွဲထဲမှာ နာကျင်လို့ အော်ဟစ်နေသံတွေ ဖုံးလွှမ်းသွားကြောင်းလည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရထားတိုက်မှု ဖြစ်စဉ်အပြီး မှတ်တမ်း ဓာတ်ပုံတွေမှာတော့ ရထားတွဲအများစုဟာ သံလမ်းပေါ်မှာပဲ တည့်တည့်မတ်မတ် ဆက်ရှိနေတာကို တွေ့ရပေမယ့် အနည်းဆုံး ရထားတွဲ တစ်ခုကတော့ လမ်းချော်သွားခဲ့ပါတယ်။

တာဝန်ရှိသူတွေက ရထားချင်း တိုက်မိတဲ့ အရှိန်က အရမ်းမပြင်းလို့လည်း ဒီထက်ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်မသွားခဲ့တာလို့ သုံးသပ်ကြပါတယ်။

နောက်ထပ် မျက်မြင် အမျိုးသမီး တစ်ဦးဖြစ်တဲ့ ထရေဆာ အစ်တာဘောက တုန်လှုပ်စရာ အတွေ့အကြုံအပြီး သူပြန်ပြီး သတိဝင်လာချိန် ပတ်ဝန်းကျင်မှာ သွေးတွေ ဖုံးလွှမ်းနေသလို ဖြစ်နေခဲ့ကြောင်း ပြောကြားသွားပါတယ်။

ဗြိတိန် ရထားရဲဌာနက ဘက်ဒ်ဖို့ဒ်နားမှာ အကြီးစား အရေးပေါ် အခြေအနေတစ်ခု ကြုံတွေ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာဆီကို လူနာတင်ယာဉ် အစီး ၂၀ လောက်နဲ့ ရဟတ်ယာဉ် ၆ စီးလောက် ရောက်ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။

ရထားနှစ်စီး တိုက်မိတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒီကိစ္စဟာ လူသားတွေရဲ့ အမှားကြောင့်လား၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုခုကြောင့်လား ဆိုတာကို ပြောဖို့ စောလွန်းနေသေးကြောင်း စုံစမ်းရေး အရာရှိတွေက မှတ်ချက်ပေးထားပါတယ်။

ဗြိတိန်မှာတော့ ရထား မတော်တဆမှုတွေဟာ ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုနိုင်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းက စကော့တလန်မှာ ရထားနှစ်စီး တိုက်မိခဲ့တာကြောင့် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတုန်းက စကော့တလန်ရဲ့ အဘာဒင်းနဲ့ ဂလက်စဂို မြို့တွေကြား ပြေးဆွဲတဲ့ ရထားတစ်စီးက မိုးသည်းသည်းမည်းမည်း ရွာနေချိန် လမ်းချော်မှုကြောင့် ၃ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။