Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဒုံးကျည်တွေကြောင့် လူ ၁၇ ဦး သေဆုံးခဲ့မှုက ဒုံးခွင်းဒုံး လိုအပ်ချက်ကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်းပြော

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၅ ရက်နေ့ မနက်အစောပိုင်း အရုဏ်မတက်ခင်မှာ ရုရှားဟာ ဒရုန်းတွေရော၊ ဒုံးကျည်တွေပါ အများအပြား အသုံးပြုပြီး ကိယက်ဗ်ကို တိုက်ခိုက်ခဲ့တာကြောင့် ၁၇ ဦးထက်မနည်း သေပြီး အများအပြား ဒဏ်ရာရခဲ့တာပါ။ ယူကရိန်းဟာ ရုရှားဒရုန်း အများစုကို ဟန့်တားနိုင်ခဲ့ပေမယ့်လည်း ဒုံးကျည် တစ်စင်းတောင်မှ မဟန့်တားနိုင်ခဲ့ကြောင်း ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။ ဒါဟာ အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လက်ကျန် မရှိတော့လို့ ဖြစ်ပါတယ်။

Patriotတွေဟာ ရုရှား ခရုစ်ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ အစွမ်းထက် လက်နက်စနစ် ဖြစ်ပေမယ့် လောလောဆယ်မှာတော့ ယူကရိန်းဟာ ဒုံးခွင်းဒုံးတွေ ပြတ်လပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအားနည်းချက်ကို သိရှိထားတဲ့ ရုရှားကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့်လာနေပါတယ်။

တကယ်လို့ ဒုံးခွင်းဒုံးတွေသာ ရှိခဲ့မယ်ဆိုရင် အခုသေဆုံးခဲ့တဲ့ အသက် ၁၇ ချောင်းကို ကယ်တင်နိုင်ခဲ့ဖွယ် ရှိတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ဩဂုတ် ၅ ရက် ညနေပိုင်းမှာတော့ ဇီလန်စကီးက သူဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ အတွင်းရေးမှုူးချုပ် မတ်ခ်ရူတေးနဲ့ ဆွေးနွေးရာမှာ ယူကရိန်းအတွက် ဒုံးခွင်းဒုံးတွေ ပိုမိုရရှိရေး ဖြစ်နိုင်ခြေတွေကို တိုင်ပင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ခုခံရေး စစ်လက်နက်တွေ ရရှိမှုအတွက် ကြိုးနီစနစ်နဲ့ လုပ်ထုံးလုပ်နည်းတွေကို အတတ်နိုင်ဆုံး ကျော်လွှားပြီး တကယ်တမ်း လိုအပ်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ခပ်မြန်မြန် ချနိုင်ဖို့ အရေးကြီးကြောင်း သူက လူမှုကွန်ရက် မီဒီယာ Facebookမှာ ရေးသားခဲ့ပါတယ်။

ယူကရိန်း ပြည်သူတွေရဲ့ နေ့စဉ် ရှင်သန်ခွင့်ဟာ ဥရောပ မိတ်ဖက် နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ ခဲယမ်းမီးကျောက် အကူအညီအပေါ်မှာ အများကြီး တည်မှီနေတယ်လို့ သူက ပြောပါတယ်။

ယူကရိန်း လေတပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှားပစ်လွှတ်တဲ့ ဒရုန်း ၁၁၅ စီးထဲက ၉၈ စီးကို ပစ်ချနိုင်ခဲ့ပေမယ့် ဒုံးကျည် တစ်စင်းကိုမှ မတားဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကိယက်ဗ်ကို တိုက်ခိုက်တဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ ဆိုးယုတ်လှတဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးလို့ ဥရောပ သမဂ္ဂ (EU) အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်က ဝေဖန်ခဲ့ပြီး ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကလည်း ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုမြှင့်တင်ဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။