Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကူဝိတ် ရေနံတင်သင်္ဘော အီရန်လက်ချက်ကြောင့် မီးလောင်

ရေနံအပြည့် သယ်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောကိုယ်ထည် ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ကြောင်း ကူဝိတ် အစိုးရပိုင် KUNA သတင်းဌာနက ပြောပါတယ်။

ရေနံအပြည့် သယ်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောကိုယ်ထည် ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ကြောင်း ကူဝိတ် အစိုးရပိုင် KUNA သတင်းဌာနက ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့တုန်းက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ကမ်းကပ် ရပ်နားထားတဲ့ အီရတ် ရေနံတင် သင်္ဘောကို အီရန်က ဒုံးကျည်၊ ဒါမှမဟုတ် ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Kuwait Petroleum ကော်ပိုရေးရှင်းရဲ့ အဆိုကို ကိုးကားပြီး KNUAက ဖော်ပြခဲ့တာပါ။

ကော်ပိုရေးရှင်း တာဝန်ရှိသူတွေကတော့ အဲဒီ တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ရေနံယိုစိမ့်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာတွေပါ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ခံရကတည်းက ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး လက်တုံ့ပြန် တိုက်ခိုက်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကူဝိတ်ရဲ့ Al-Salmi ရေနံတင် သင်္ဘောကြီးကို အီရန်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ အပြီးမှာတော့ ရေနံစျေးက ၂.၉ ရာခိုင်နှုန်းလောက် ထပ်တက်သွားခဲ့ကြောင်း သိရပါတယ်။

ဒူဘိုင်း အာဏာပိုင်တွေကတော့ ရေပိုင်နက်ထဲမှာ ရှိနေတဲ့ ကူဝိတ် ရေနံတင် သင်္ဘောတစ်စီးကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မီးငြှိမ်းသတ်ဖို့ အပူတပြင်း ကြိုးစားနေကြောင်း ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘဲ ရေယာဉ် အမှုထမ်း ၂၄ ဦးစလုံးကို ဘေးကင်းကင်း ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သင်္ဘောမှာ ဘယ်လောက် အတိုင်းအတာထိ ပျက်စီးသွားသလဲ ဆိုတာကို ဆန်းစစ်နိုင်ဖို့တော့ ဆက်ပြီး ကြိုးစားနေဆဲပါ။

မတ်လ ၃၀ မနက်အစောပိုင်းတုန်းက ဆော်ဒီအာရေးဘီးယားကမ်းလွန် ရက်စ်တာနူရာ ကမ်းရိုးတန်းနားမှာ ရှိနေတဲ့ ဂရိပိုင် ကုန်တင် သင်္ဘောတစ်စီးလည်း အမျိုးအမည်မသိ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ခံရမှု နှစ်ကြိမ် ကြုံခဲ့တယ်လို့ ဆိုပါတယ်။

ဂရိက ပိုင်ဆိုင်ပေမယ့် လစ်ဗျားအလံ လွှင့်ထူထားတဲ့ Express Rome သင်္ဘောနားက ရေပြင်ဆီကို ဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းလို့ ယူဆရတဲ့ စစ်လက်နက်တွေ ကျသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မတ်လ ၁၁ ရက်တုန်းကတော့ အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အဲဒီရေယာဉ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ဖူးကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။