Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေရှိ ပြည်သူလေးသိန်းနီးပါးရေဘေး ရင်ဆိုင်ခဲ့ရပြီး အကူအညီများလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း ရေဘေးကြောင့် ပြည်သူလေးသိန်းနီးပါး(ပြည်သူ ၃၈၀၀၀၀ ကျော်) ရေကြီး ရေလျှံမှုဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း KNUဗဟိုက ထုတ် ပြန်ပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အသိပေးသည်။

တောအူး(တောင်ငူ)ခရိုင်အတွင်း ရေကြီး၊ ရေလျှံမှုဖြစ်နေစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း ရေဘေးကြောင့် ပြည်သူလေးသိန်းနီးပါး(ပြည်သူ ၃၈၀၀၀၀ ကျော်) ရေကြီး ရေလျှံမှုဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း KNUဗဟိုက ထုတ် ပြန်ပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အသိပေးသည်။

KNU၏ ခရိုင် (၇)ခုအတွင်းရှိ မြို့နယ် (၂၇)ခု အနက် မြို့နယ် (၂၀)ခုတွင် ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ဒူးသထူ (သထုံ)၊ ခလယ်လွီထူ (ညောင်လေးပင်)နှင့် တောအူး(တောင်ငူ) ခရိုင်တို့တွင် ရေကြီး၊ ရေလျှံမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ရေဘေးကြောင့် ကြီးမားသော ထိခိုက်ပျက်စီးမှု ဒဏ်ခံခဲ့ရပြီး စပါးခင်းများ၊ သိုလှောင်ထားသော စားနပ်ရိက္ခာများ၊ ရေတွင်းများ၊ ရေဘုံဘိုင်များနှင့်ရေကန်များ အပါအဝင် သောက်သုံးရေ အရင်းအမြစ်များ၊ အိမ်သာများ၊ မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးကာ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်များ ရှိနေသည်ဟု ထုတ်ပြန်သည်။

အစားအစာ၊ သောက်သုံးရေနှင့် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများသည် လတ်တလော အရေးအကြီးဆုံး အရေးပေါ်လိုအပ်ချက်များဖြစ်ကြောင်း၊ လယ်ယာသုံး ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများ ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးရန် ပံ့ပိုးကူညီမှုများ လိုအပ်ကြောင်း ဖော်ပြထားသည်။

မိသားစုစားသုံးရန်နှင့် အသက်မွေးဝမ်းကြောင်းအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် အဓိကရည်ရွယ်၍ တစ်ပိုင်တစ်နိုင်မွေးမြူခဲ့သော တိရစ္ဆာန်များ ပြန်လည်အစားထိုးနိုင်ရန် ပံ့ပိုးကူညီမှုများလိုအပ်နေသည်ဟုဆိုသည်။

ရေတွင်းနှင့် ရေပိုက်လိုင်းများကဲ့သို့ သောက်သုံးရေအရင်းအမြစ်များနှင့် ပစ္စည်းကိရိယာများ ပြန်လည် အစားထိုးခြင်း သို့မဟုတ် ပြင်ဆင်ခြင်းအတွက် ပံ့ပိုးကူညီမှုများလိုအပ်နေသည် KNUက ထုတ်ပြန်သည်။

KNUအနေဖြင့်လည်း နယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများကို အကူအညီပေးနိုင်ရန်နှင့် အကူအညီလိုအပ်နေသူများထံသို့ရှိသည့် အရင်းအမြစ်များ သုံး၍ အတက်နိုင်ဆုံး ပံ့ပိုးသွားနိုင်ရန် ကြိုးစားနေသည်ဟု အသိပေးသည်။

တစ်ချိန်တည်းတွင် နိုင်ငံတကာထံမှ အကူအညီများများစွာ လိုအပ်လျက်ရှိကြောင်းလည်း အထင်အရှား တွေ့နိုင်ကြောင်း၊ သို့ရာတွင် KNU နှင့် အခြားသော တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးခြင်းကိုလုပ်ဆောင်မည်ဆိုပါက မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီသည် မည်သည့်အကူအညီမျှ မရောက်နိုင်အောင် ပိတ်ပင်တားဆီမှုများ ပြုလုပ်သွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများက “တပြိုင်နက်တည်း လုပ်ဆောင်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့် အစီအစဉ်များ” (Parallel Processes forDelivering Assistance) မှတစ်ဆင့် အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတကာကို KNUက မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

KNUနယ်မြေရှိမြို့နယ်များ၌ စက်တင်ဘာလတွင် ဒုတိယ အကြိမ်ရေဘေးကြုံခဲ့ရခြင်းဖြစ်ပြီး ဇူလိုင်လနှင့် ဩဂုတ်လ အစောပိုင်းကတည်းကပထမအကြိမ် ရေကြီးရေလျှံမှုဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရသည်။ ထိုစဉ်ကလည်း ဒေသခံများ၏ စပါးခင်းများလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရရုံသာမက ကောက်ပဲသီးနှံ အသစ်များ စိုက်ပျိုးရန်အတွက် မြေယာပြင်ဆင်မှု ပြုလုပ်ခြင်းကိုလည်း နှောင့်နှေးမှုဖြစ်စေခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး