Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၍ ပြည်သူတစ်ဦးထိခိုက်၊ နေအိမ်များပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ် ကောင်စီက ယမန်နေ့ညသန်းခေါင်ချိန်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ တစ်ဦး ထိခိုက်ခဲ့ကြောင်းဒေသခံက ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ် ကောင်စီက ယမန်နေ့ညသန်းခေါင်ချိန်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ တစ်ဦး ထိခိုက်ခဲ့ကြောင်းဒေသခံက ပြောသည်။

ယမန်နေ့ ည ၁၂နာရီ ၃၅မိနစ်မှစ၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” နေအိမ် ၅လုံးထက်မနည်း ထိခိုက်ပျက်စီးတယ်။ လူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်။ လားရှိုးမြို့ ရပ်ကွက် (၁၁) အောင်စေတနာလမ်းသွယ်(၂)မှာပါ။ MNDAA ရှိနေသရွေ့ လားရှိုးကို ဗုံးကြဲမယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်”ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ထိုသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ များစွာ နစ်နာဆုံးရှုံးနေကြရသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို MNDAAက သိမ်းပိုက်ပြီးနောက် ဩဂုတ် ၃၀ရက်မှစ၍ တိုက်ပွဲမဖြစ်ဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အနည်းဆုံး လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ဒေသခံပြည်သူ ၃ဦးထက်မနည်းသေဆုံးကာ ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာနောက်ဆုံးပတ်တွင် စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ညအချိန်တွင် အဓိက တိုက်ခိုက်လေ့ရှိသည်။

ထိုသို့ စစ်ကောင်စီက လေကြောင်း အကြိမ်ကြိမ် တိုက်ခိုက်နေသော်လည်း MNDAA အနေဖြင့် စစ်ကောင်စီကို စစ်ရေးအရ တုံ့ပြန် တိုက်ခိုက်ခြင်းကို တရားဝင်မတွေ့ရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။