Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် စစ်တပ်စခန်းကုန်းအား PDF များ တိုက်ခိုက်

တိုက်ပွဲတွင်YGF ရဲဘော်တစ်ဦးကျဆုံးပြီး စစ်​တပ်မှလည်းသေဆုံးထိခိုက်မှုများရှိ

ဒေါနစစ်​ကြောင်း ၂ ​(ခေါ် )ရေး​ပြောက်ကျားတပ်ဖွဲ့ (YGF) မှတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်စဥ်။ဓါတ်ပုံ-YGF

ကျော်ဇော/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စခန်းကုန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ၂၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေးမြို့နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း၊ စံပြရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ယမန်နေ့(အောက်တိုဘာလ ၁၇)ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့အထိ စစ်ဆိုင်ထားဆဲဖြစ်ကြောင်း YGF က ပြောသည်။

“မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစံကျေးရွာမှာရှိတဲ့ စခန်းကုန်းပါ။ အင်အား ၅၀ ခန့်ရှိပါတယ်။ ခုထိစစ်ဆိုင်ထားဆဲ”ဟု YGF မှ တာ ဝန်ရှိသူက အောက်တိုဘာလ ၁၈(ယနေ့)ညပိုင်းတွင် ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်တပ်စခန်းကုန်းအား စီးနင်းမှုတွင် ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှ ရဲဘော်မိုးကြိုး မြင့်မြတ်စွာကျဆုံးခဲ့ရာ မိသားစုနှင့်ထပ်တူ အလွန်ဝမ်းနည်းကြေကွဲရကြောင်း YGF က ဝမ်းနည်းမှတ်တမ်း ထုတ်ပြန်ထား သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှလည်း ငါးဦးထက်မနည်းသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်း များပြားကြောင်း YGF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့(အောက်တိုဘာလ ၁၇ ရက်)ကကြားသိရသလောက် ငါးဦးသေ အများအပြားဒဏ်ရာရ”ဟု စစ်ကောင်စီတပ်ဘက်မှ အခြေအနေကို ၎င်းက ဆက်​ပြောသည်။

လက်ရှိအခြေအနေတွင် နှင်းစံကျေးရွာရှိ စစ် တပ်စခန်းကုန်းကို ဒေါနစစ်ကြောင်း ၂၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)နှင့် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ ထိုးစစ်ဆင်နေဆဲဖြစ်ပြီး တိုက်ပွဲရလဒ်များကို ပွဲပြီးမှသာ အသေးစိပ် အသိပေးသွားမည်ဟု YGF က ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။