Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏မိဘကို PDFများ လိုက်လံကန်တော့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ ကျန်ရစ်သူ မိဘများကို လိုက်လံကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

ကျဆုံးရဲဘော်များ၏ မိဘများအား လိုက်လံကန်တော့နေစဥ်။ ဓာတ်ပုံ - DNPDF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များ၏ ကျန်ရစ်သူ မိဘများကို လိုက်လံကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၈ ရက်နှင့် ၂၂ ရက်က သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် ရှမ်းမန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသော DOUNG NI People Defence Force-DNPDFတပ်ဖွဲ့မှ ရဲဘော် ၉ဦး၏ မိဘများအား တပ်ဖွဲ့ဝင်ရဲဘော်များက ကျပ်တစ်သိန်းစီဖြင့် လိုက်လံကန်တော့ခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျဆုံးရဲဘော်တွေကတော့ ၁ဝ၂၇ရှမ်းမန်းစစ်ဆင်ရေးမှာ ၉ ဦးထိကျဆုံးခဲ့ရပါတယ်။ အသက် ၁၆နှစ်ကနေ ၃၁နှစ်ကြား အရွယ်တွေပါ။”ဟု ၎င်းက ပြောသည်။

ကျဆုံးရဲဘော်များမှာ ဒုစစ်ရေးတာဝန်ခံ တစ်ဦး၊တပ်ခွဲမှူး နှစ်ဦး၊ တပ်စိတ်မှူးတစ်ဦး၊ ရဲဘော် ငါးဦးဖြစ်ကြောင်း သိရသည်။

ရှမ်းမန်းစစ်ဆင်ရေးတွင် မန္တလေး PDFနှင့်အတူ ကျောက်ဆည် ခရိုင်တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း၊ ရွှေဘို ခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဥ့်ကိုင် တော်လှန်ရေးတပ်၊ တလုပ် PDF၊ တမူး NLA ၊ SSTF ရဲတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။