လူအေး/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော – အောင်ပန်းလမ်းပိုင်းတနေရာတွင် သားအမိနှစ်ဦးအား အမျိုးသားနှစ်ဦးက ကျောက်ခဲထည့်ထားသောအိတ်ဖြင့်ထုနှက်ပြီး ရွှေထည်ပစ္စည်းလုယက်ရာ မိခင်ဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့သည်။
ယနေ့(အောက်တိုဘာ ၂၄ရက်)နံနက်က အောင်ပန်းမြို့မှ (၅၀)ခန့်အရွယ်အမျိုးသမီးနှင့် ၎င်း၏ သားဖြစ်သူတို့သည် ကလောမြို့မှအပြန် ကလော – အောင်ပန်းလမ်းမကြီးဘေး တောင်ရိုးစာပေနှင့်ယဥ်ကျေးမူရုံး၊ မယ်ခိုတောင်အတက်လမ်းတွင် နားနေစဉ် အဆိုပါ လုယက်ရိုက်နှက်မှု ဖြစ်ပွာခဲ့ခြင်းဖြစ်သည်။

Public Service Announcement
” ဆိုင်ကယ်နဲ့ လူနှစ်ယောက်ရောက်လာတယ်။အနားကပ်လာပြီး အိပ်နဲ့ ခေါင်းကိုရိုက်သွားတာ။ အိတ်ထဲမှာ ကျောက်ခဲတွေပါတယ်။ သားဖြစ်တဲ့သူက အော်ဟစ်အကူအညီတောင်းနေတုန်းမှာ ရွှေထည်တွေလုယူသွားတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။
ဒဏ်ရာရထားသည့်အမျိုးသမီးကို အောင်ပန်းဆေးရုံမှတဆင့် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခြင်းဟု သိရသည်။ လုယက်သွားသူနှစ်ဦးကို ယနေ့ညနေအထိ ဖမ်းမိခြင်းမရှိသေးကြောင်း မြို့ခံများက ပြောသည်။
အောင်ပန်းမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာကလည်း ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ခဲ့သေးသည်။


















































