Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းထောက်နှစ်ဦးကို KIA ပြန်လွှတ်ပေး

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဖမ်းဆီးထားသည့် ဖားကန့်အခြေစိုက် သတင်းထောက်ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့နှစ်ဦးစလုံးကို KIA က ပြန်လွှတ်ပေးလိုက်သည်။

‌လူအေး/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဖမ်းဆီးထားသည့် ဖားကန့်အခြေစိုက် သတင်းထောက်ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့နှစ်ဦးစလုံးကို KIA က ပြန်လွှတ်ပေးလိုက်သည်။

KIA ကပြန်လွှတ်​ပေးလိုက်​ကြောင်းကိုနောင်ရိုးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့(အောက်တိုဘာလ ၂၇ရက်)နေ့လယ်ပိုင်းတွင် ​ရေးသားအသိပေးသည်။

Public Service Announcement

Public Service Announcement

” ကျွန်တော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊း။ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ” ဟု ရေးသားထားသည်။

ဖားကန့်အခြေစိုက်သတင်းထောက် ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့ကို ဖားကန့်၌ တိုက်ပွဲများပြင်းထန်နေစဉ်စက်တင်ဘာ၂၉ ရက် နှင့် စက်တင်ဘာ ၃၀ ရက်နေ့တွင် KIAတပ်မဟာ (၉)တပ်ရင်း(၆)က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး လုံခြုံစွာရှိနေသည်ဟု KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့မှတဆင့် အောက်တ်ိုဘာလဆန်းတွင် အသိပေးခဲ့သည်။

​နွေဦး​တော်လှန်​ရေးကာလတွင် ​တိုင်းရင်းသညးလက်နက်ကိုင်အဖွဲ့က သတင်း​ထောက် ၂ ဦးကိုဖမ်းဆီး​​သောဖြစ်စဥ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

နိုင်ငံတကာ သတင်း​​ထောက်များအဖွဲ့ချုပ်(IFJ )၊ သတင်း​ထောက်များကာကွယ်​ရေး ​ကော်မတီ(CPJ) အပါအဝင် နိုင်ငံတကာမှမီဒီယာအဖွဲ့အစည်းအချို့နှင့် ပြည်တွင်းမှ မီဒီယာအဖွဲ့အစည်းအချို့ကလည်း သတင်း​ထောက် ၂ ဦးကို ပြန်လွှတ်​ပေးရန်တိုက်တွန်း​တောင်းဆိုခဲ့သည်။

တစ်လခန့်ကြာ ထိန်းသိမ်းခံရပြီးနောက်ယ​​နေ့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့