Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီကိုလိုင်း​ကြေး​ပေး​နေသော​လောင်းကစားလုပ်ငန်းများရပ်တန့်ရန် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များသတိပေး

မေတ္တာရပ်ခံ သတိပေးချက်အား မလိုက်နာပါက ထိရောက်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်းမုံရွာနှင့်ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားကိုလည်ပတ်စေသည့် ဘောလုံး၊ နှစ်လုံး၊ သုံးလုံး၊ အပါအဝင် လောင်းကစားလုပ်ငန်းများ ရပ်တန့်ကြရန်နှင့် ဆက်လက်လုပ်ကိုင်နေပါက ထိရောက်သောအရေးယူမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အတွင်းရှိ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီထံ လိုင်းကြေးများပေး၍ ဘောလုံးပွဲများလောင်းခြင်း၊ 2D 3D များ ရောင်းချခြင်း၊ ဒိုင်ကိုင်ခြင်းများ ပြုလုပ်ခြင်းများသည် စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေနိုင်သော အကြီးမားဆုံး ထောက်တိုင်များ ဖြစ်နေကြောင်း၊ ဖက်ဆစ်စစ်တပ်အတွက် ကျည်ဆံဖိုးများပေး၍ စစ်ကောင်စီယန္တရားကို လည်ပတ်စေသော ထိုလုပ်ငန်းများကို ရပ်တန့်ပေးကြပါရန် မိဘပြည်သူများထံ မေတ္တာရပ်ခံ သတိပေးကြောင်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အသိပေးသည်။

မေတ္တာရပ်ခံ သတိပေးချက်အား မလိုက်နာပါက ထိရောက်သော အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်းမုံရွာနှင့်ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

ထီးချိုင့်မြို့နယ်တွင်လည်း လောင်းကစားဝိုင်းပိုင်ရှင်များက လာရောက်ညှိနှိုင်းမှုများရှိနေကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

Public Service Announcement

Public Service Announcement

“PDFတွေက စစ်သားရဲသား​တွေလို ငွေပေးပြီးစည်းရုံး၍ မရပါ။ အဓိက က ပြည်သူများလောင်းကစားမှုကြောင့် မိသားစုတွေအတိဒုက္ခရောက်နေကြောင်း ကြားသိရတဲ့အတွက် လောင်းကစားဝိုင်းများအမြစ်ပြတ်စေဖို့ ဖြစ်ပါတယ်။အကယ်၍ မလိုက်နာပါက လောင်းကစားဝိုင်းပိုင်ရှင်များ၏ အသက်နှင့်ခန္ဓာ အိုးစားကွဲအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးသည်။

စစ်ကိုင်းတိုင်းအပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီအားငွေပေးပြီး လောင်းကစားမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။