Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)နှင့် တစ်ရက်အတွင်းတိုက်ပွဲ ငါးနေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၄ဦးသေ

KNU ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာတွင် စခန်း ချထားသော စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းစခန်းမှ တပ်ချိန်းပြီးပြန်လာသော တပ်ဖွဲ့ကို KNU တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေတွင် ယမန်နေ့(အောက်တိုဘာ၂၄) တစ်ရက်အတွင်း နေရာငါးခု၌ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ ၁၄ဦးသေ၊ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

KNU ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာတွင် စခန်း ချထားသော စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းစခန်းမှ တပ်ချိန်းပြီးပြန်လာသော တပ်ဖွဲ့ကို KNU တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ သေဆုံးမှုမှာ ခန့်မှန်းခြေဖြစ်ပြီး ယခုထက်ပိုများနိုင်ကြောင်း နှင့် KNUတပ်ဖွဲ့ဝင်များဘက်က ထိခိုက်မှုမရှိကြောင်း ရှေ့တန်းစစ်မြေပြင်မှ တပ်မှးတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၄ရက် နံနက် ၅နာရီခန့်က ထီးညာလူကျေးရွာနှင့် ဝမ်းဘဲအင်း ကျေးရွာကြား၌လည်းကောင်း၊ အင်တောကျေးရွာနှင့် ဝမ်းဘဲအင်းကျေးရွာကြား၌ လည်းကောင်း၊ နံနက် ၇ နာရီ ၃၀ ခွဲတွင် ဆောဘိနားကျေးရွာအနီး၌လည်းကောင်း၊ နံနက် ၁၀နာရီခန့်တွင် ထုံးဘို လေးကျေးရွာနှင့် ဝီယော် ကျေးရွာကြား၌ လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် ထုံးဘိုကြီးကျေးရွာနှင့် ထုံးဘိုလေး ကျေးရွာအကြား၌လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ယမန်နေ့ ညပိုင်းတွင် ထုံးဘိုလေးကျေးရွာ ဘုန်းတော်ကြီးကျောင်း အတွင်းစခန်းချ တပ်စွဲ့ထားသော တပ်ခွဲမူးကျော်ဇင်လှဦးဆောင်သည့် တပ်မ (၂၂)၊ ခမရ (၂၀၁)တပ်ရင်းမှ လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးကျေးရွာရွာလယ်ရှိ နေအိမ်တစ်ခု၏ ဘေး၌ ကျရောက်ပေါက်ကွဲခဲ့၍ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်း အာဏာ သိမ်းစစ်ကောင်စီတပ်များက စစ်ရေးလုပ်ရှား မှုနှင့် လူ့အခွင့်ရေးချိုးဖေါက်မှုများ ပြုလုပ်နေ၍ KNU လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ ပြီးခဲ့သည့် ရက်ပေါင်း ၂၀အတွင်း တိုက်ပွဲပေါင်း ၃၀ကျော် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။