Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်အုပ်စုထောက်ခံပွဲ ပြုလုပ်ရာအနီးတ၀ိုက်သို့ သွားလာခြင်းမပြုရန် မကွေးတိုင်းအခြေပြု PDF အဖွဲ့များ မေတ္တာရပ်ခံ

အဆိုပါ ထုတ်ပြန်ချက်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်(မကွေး)၊ ပွင့်ဖြူ PDF ၊ ဗိဿနိုး PDF၊ စလင်း PDF၊ မကွေး PDF၊ No Chair Guerrilla စသည့်အဖွဲ့များ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု ထောက်ခံပွဲ ပြုလုပ်ရာ အနီးတ၀ိုက်သို့ သွားလာခြင်းမပြုရန် မကွေးတိုင်းအခြေပြု PDF မိတ်ဖက်အဖွဲ့များက ပူးတွဲထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ရက်တွင် နေရာအချို့၌ အကြမ်းဖက်စစ်အုပ်စုနောက်လိုက်များက အကြမ်းဖက်စစ်အုပ်စုထောက်ခံပွဲများ ပြုလုပ်လျက်ရှိရာ လူထုတော်လှန်ရေး ပုံရိပ်ကို ထိခိုက်သေးသိမ်အောင် ဆောင်ရွက်ခြင်းဟု မှတ်ယူကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ထိခိုက်မှု တစ်စုံတရာမရှိစေရန်အတွက် အဆိုပါ အကြမ်းဖက်စစ်အုပ်စု ထောက်ခံပွဲများ ပြုလုပ်သည့်နေရာနှင့် အနီးတ၀ိုက်အတွင်း သွားလာ လှုပ်ရှားမှုများ မပြုလုပ်ကြရန် တော်လှန်ရးအင်အားစုများက မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ပြည်သူ့တော်လှန်ရေးတပ်မတော်(မကွေး)၊ ပွင့်ဖြူ PDF ၊ ဗိဿနိုး PDF၊ စလင်း PDF၊ မကွေး PDF၊ No Chair Guerrilla စသည့်အဖွဲ့များ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပူတာအိုမြို့၌ အကြမ်းဖက်စစ်ကောင်စီ ထောက်ခံပွဲ ပြုလုပ်ခဲ့ခြင်းအပေါ် ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီထောက်ခံပွဲတွင် ပါဝင်သူများ အားလုံးကို ပြင်းထန်စွာရှုတ်ချကြောင်း၊ ထိုသူများသည် ယနေ့မှစ၍ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(ပြင်ဦးလွင်မြို့တွင် တပ်မတော်ထောက်ခံပွဲ ယနေ့ပြုလုပ်နေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။