Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၆ဦးဒဏ်ရာရ

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သက်ကြီးအဘိုးအို သုံးဦး၊ အဘွားအိုတစ်ဦးနှင့် အသက် ၅၅နှစ်နှင့် အသက် ၃၈နှစ်အရွယ် အမျိုးသမီး ၂ဦးတို့ ဒဏ်ရာရခဲ့သည်။

(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူများ ထိခိုက်မှုထပ်မံဖြစ်ပေါ်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်တွင် နိုဝင်ဘာ ၂၀ရက်မှစ၍ ၂၆ရက်အထိ စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းဖြင့် အကြိမ် ၂၀ပစ်ခတ်ခဲ့၍ ပြည်သူများထိခိုက်မှု အခြေအနေကို အသိပေးခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် သက်ကြီးအဘိုးအို သုံးဦး၊ အဘွားအိုတစ်ဦးနှင့် အသက် ၅၅နှစ်နှင့် အသက် ၃၈နှစ်အရွယ် အမျိုးသမီး ၂ဦးတို့ ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

နိုဝင်ဘာ ၂၀တွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ(၂၆၄)မှ ရေတွင်းကုန်းရွာ၊ အလယ်ကျွန်းရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကညင်ကြိုး၊ ကျောင်းကုန်းကျေးရွာနှင့် နံဇရွာများသို့ ဒရုန်းဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ပစ်ခတ်မှုကြောင့် ကညှင်ကြိုးကျေးရွာမှ (၅၅)နှစ် အရွယ် ဒေါ်ခင်စန်းဝင်း လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် သူဌေးကုန်းကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်မှ ဂရုပ်ကုန်းတွင် လက်နက်ကြီး ၈၁မမ လေးလုံးပစ်ခတ်ခဲ့သောကြောင့် ဂရုပ်ကုန်းကျေးရွာမှ အသက် ၆၆နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၁ရက်တွင် ခလရ(၂၆၄)မှ ဒရုန်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကညင်ကြိုးကျေးရွာမှ အသက် ၇၅နှစ်အရွယ် အဘိုးအိုတစ်ဦး၊ အသက် ၇၃နှစ်အရွယ် အဖွားအိုတစ်ဦး၊ အသက် ၇၀အရွယ် အဘိုးအိုတစ်ဦး၊ (၃၈)နှစ်အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက အသိပေးသည်။

ကုန်းချောင်းဝမှ နေရာယူထားသော စစ်ကောင်စီ တပ်များလည်း တလှိုင်းခင်ကျေးရွာသို့လည်းကောင်း၊ နိုဝင်ဘာ ၂၂ရက်တွင် ခလရ(၂၆၄)မှ လိန်ပင်ကျေးရွာသို့လည်းကောင်း၊ နိုဝင်ဘာ ၂၃ရက်တွင် နတ်သံကွင်းရှိ စစ်ကောင်စီတပ်များမှ နိုဖိုးကျေးရွာသို့ လည်းကောင်း၊နိုဝင်ဘာ ၂၄ရက်တွင် ကျောက်တံခါးရှိ စစ်ကောင်စီတပ်များက ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာအတွင်းသို့လည်းကောင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

နိုဝင်ဘာ ၂၆ရက်တွင် နတ်သံကွင်းရှိ စစ်ကောင်စီတပ်က ကျွဲတလင်းရွာ ဆေးပေးခန်းသို့ ဒရုန်း၊လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ ကျေးရွာဆေးပေးခန်း ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ဒရုန်း၊လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း နေအိမ်သုံးလုံး၊ ဆန်စက်တစ်လုံး၊ ဆေးခန်းနှစ်ခန်းနှင့် ပြည်သူပိုင် အဆောက်အဦး နှစ်လုံး ပျက်စီးခဲ့ရသည့် အပြင်အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း KNUက အသိပေးသည်။

ကျောက်ကြီးမြို့နယ်အပါအဝင် ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများစွာ ထိခိုက် သေဆုံးခဲ့ရပြီး ဒေသခံပြည်သူများစွာ စစ်ဘေးဒုက္ခကြုံနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook