Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်နေ

“ရဲဘော်နှစ်ဦးကျတယ်လို့လည်း သတင်းရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်နေ
မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်နေ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ − မြို့သာလမ်းပိုင်းရှိ သစ်ရုံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေး ရဲဘော်နှင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၆ရက်)နံနက်ပိုင်းက မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် မြင်းခြံ-မြို့သာလမ်းပိုင်းရှိ သစ်ရုံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“ရဲဘော်နှစ်ဦးကျတယ်လို့လည်း သတင်းရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့်လည်းကောင်း၊ မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်ရင်းမှ လက်နက်ကြီးဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြင်းခြံမြို့နယ်အတွင်းမှ ဒေသခံပြည်သူသုံးဦး ထိမှန်သေဆုံးခဲ့ကြောင်း မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

“မီးရှို့ဖျက်ဆီးတယ်လည်းကြားတယ်။ သစ်ရုံကတော့ ရွာတောင်ခြမ်းကအိမ်တွေမရှိသလောက်ပဲတဲ့။”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ရဲဘော်နှင့်ပြည်သူများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယခုဒီဇင်ဘာ ပထမပတ်အတွင်း နွားထိုးကြီးမြို့နယ်မှ ပြည်သူ ၁၁ဦး၊ ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးရဲဘော်၂ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း