Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် သုံးရက်ဆက် တိုက်ပွဲဖြစ်

နိုဝင်ဘာ ၁၁ရက်ကတည်းက မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

(Myingyan Black Tiger-MBTတပ်ဖွဲ့မှ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBT)
(Myingyan Black Tiger-MBTတပ်ဖွဲ့မှ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBT)

▪️စစ်တပ်က လေကြောင်းတိုက်ခိုက်၍ ကျေးရွာသုံးရွာမှ ဒေသခံထောင်ချီ တိမ်းရှောင်

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာသုံးရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၁ရက်ကတည်းက မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၁ရက်ည ၇ နာရီ ၄၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် ကွမ်းစိုက်ဘကျေးရွာအပါအဝင် အနီးတဝိုက်ရှိ ကူရွာနှင့် ခြေဆေးကျေးရွာတို့ကိုပါ လေကြောင်းမှ ဗုံးသီးအလုံးရေ ၇၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မိထ္တီလာကနေ လေယာဥ်နဲ့လာပစ်သွားတာ။ အလုံးလေးငါးဆယ်လောက်ရှိတယ်။ အဲ့နေကလေယာဥ်နဲ့လာပစ်တာက ကွမ်းစိုက်ရွာမှာ တိုက်တွေပွင့်ကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် နိုဝင်ဘာ ၁၂ရက်နှင့် ယနေ့(နိုဝင်ဘာ ၁၃ ရက်)အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်း သေဆုံးကာ ပျုစောထီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၉)Myingyan Black Tiger(MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“သုံးရက်တာ ခုခံစစ်မှာ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ စကစဘက်က အလောင်း သုံးလောင်း လက်နက် ၃ လက်မြင်ခဲ့တယ်။ ရရှိခြင်းတော့မရှိဘူး။ ပျူစောထီး နှစ်ဦး ဆေးကုနေရတယ်။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

မိတ္ထီလာမြို့အပါအဝင် အခြားနေရာများမှ စစ်ကူအများအပြား ရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ဆိုသည်။

“ကျွန်တော်တို့ဘက်က ကွမ်းစိုက်ရွာကို ပြန်ပေးလိုက်ရတဲ့အနေအထားရှိတယ်။ တပ်ကလာတဲ့အင်အားက ၃၀၀အထက်မှာ ရှိတယ်။ အဲဒါမိတ္ထီလာဘက်က လာတဲ့ဟာတွေ။ အခြားဘက်က လာတဲ့ဟာတွေလည်းရှိတယ်။”ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ကောင်စီတပ်ကလည်း ကူရွာအတွင်းသို့ဝင်ရောက်ပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်ကာ နေအိမ်များရှိ ပစ္စည်းများအား ခိုးယူသယ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။

“ကူရွာထဲမှာ ဖုန်းတွေယူတယ်။ ပြည်သူတွေကကြောက်လို့ အကုန်ပြေးကုန်ကြပြီ။ စစ်ခွေးတွေက သူတို့ထင်သလို ပစ္စည်းတွေ အိမ်တွေပေါက်ပြီး ခိုးယူနေကြတယ်။ မနေ့က ည ၉နာရီလောက်မှာ ဖောကားတွေနဲ့ ပစ္စည်းတွေသယ်ယူနေကြတယ်။ ပြည်သူတွေမရှိတော့ သူတို့ထင်သလိုခိုးယူနေကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ကူရွာ၊ ကွမ်းစိုက်ရွာနှင့် ခြေဆေးကျေးရွာတို့မှ ဒေသခံပြည်သူ ခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ယမန်နေ့ကပင် မြင်းခြံခရိုင်ရှိ တောင်သာမြို့နယ်၊ ဇဂျမ်းနယ်မြေရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခို​က်ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်တပ်က ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် ၂လုံးပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

​ပြီးခဲ့သည့် သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးတွင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များ၌ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ ယခုနိုဝင်ဘာလဆန်းပိုင်း၌လည်း တော်လှန်ရေးအင်အားစုများက မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။