Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် နှစ်ဦးသေ

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူများတွင် စစ်ကောင်စီတပ်ကြပ်တင်အောင်နှင့် ဗိုလ်ကြီးသိန်းဝင်းဆိုသူနှစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

(စစ်ကောင်စီတပ်သားများထံမှရရှိခဲ့သော လက်နက်ခဲ့ယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − ပေးပို့)
(စစ်ကောင်စီတပ်သားများထံမှရရှိခဲ့သော လက်နက်ခဲ့ယမ်းများနှင့်အတူတွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဆိုင်ကယ်များဖြင့်လာသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လက်နက်ခဲ့ယမ်းအချို့ရရှိခဲ့ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)မှ ဆိုင်ကယ်လေးစီးဖြင့်လာသည့် စစ်ကောင်စီတပ်သားများအား စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ဆိုင်ကယ်လေးစီး စကစ (၈)ယောက်။ အဲဒီစကစ ဆိုင်ကယ်တွေတက်လာတာကို ရှေ့ကနေစောင့်ပစ်တာပါ”ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူများတွင် စစ်ကောင်စီတပ်ကြပ်တင်အောင်နှင့် ဗိုလ်ကြီးသိန်းဝင်းဆိုသူနှစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၈ မိနစ်ခန့်ကြာမြင့်ပြီး ထိခိုက်သေဆုံးမှုမရှိဘဲကျန်နေသည့် စစ်ကောင်စီတပ်သားများမှာ ၎င်းတို့၏ဆိုင်ကယ်များဖြင့် ခလရ(၆)တပ်ဝန်းအတွင်းသို့ ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက် ၎င်းတို့ကျန်ရစ်ခဲ့သော MA3 သေနတ်အသစ်တစ်လက်နှင့် ကျည်များအပါအဝင် ခမရ(၆)တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက အသိပေးသည်။

ယခုစစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်းဖရဲသီးအား လေးစားစွာ မှတ်တမ်းတင်အပ်ပြီး ဆက်လက်၍လည်း စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook