Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့ပေါ်မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့လှုပ်ရှားမှုကို ရဲဘော်တွေ လုံခြုံရေးယူပေး

နေ့ခင်းပိုင်းမှာလည်း ကျေးရွာတစ်ရွာမှာ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Taze News
ဓာတ်ပုံ-Taze News

People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုတွေကို တော်လှန်ရေးအဖွဲ့တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက တန့်ဆည်မြို့ပေါ်က လူစည်ကားရာ စျေးများ၊လမ်းဆုံများမှာ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လူ့အခွင့်အရေးဆိုင်ရာအကြောင်းများ ရှင်းလင်းခြင်းများကို ၇၆ နှစ်မြောက် အပြည်‌ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတမ်းပါ တူညီဝတ်စုံများနဲ့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နေ့ခင်းပိုင်းမှာလည်း ကျေးရွာတစ်ရွာမှာ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလှုပ်ရှားမှုကို တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် တန့်ဆည်မြို့နယ် ပလဖ၊ ပကဖနဲ့ PDF တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးတာဝန်ယူပေးခဲ့တယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုတုများ ပိုမိုရရှိစေဖို့နဲ့ လေးစားလိုက်နာနိုင်ရန် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။

တန့်ဆည်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဟာ ၎င်းတို့အခြေချနေတဲ့ ထွေအုပ်၊ ရဲစခန်းနဲ့ အခြားရုံးနေရာအချို့ကလွဲလို့ ပြင်ပထွက်ရဲတာမျိုးမရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ(၅)ရက်နေ့ နံနက်(၅)နာရီခန့်က တန့်ဆည်မြို့မှထွက်လာသော အင်အား၁၅၀ခန့်ရှိသော ဝါသဝစစ်ကြောင်းကိုဆည်မြို့နယ်တောင်ပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ခြင်းဟု PLA က ယ‌နေ့ မတ်လ၆ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းနည်းရှင်းလင်းရေးလုပ်ဆောင်နေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။

သတင်း

အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ယနေ့အောက်တိုဘာလ ၂၅ရက်နံနက် ၇နာရီခန့်တွင်တန့်တည်မြို့လမ်းဆုံ စျေးသစ်အနီး၌PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည်ယနေ့နံနက်တွင် တန့်တည်မြို့့လမ်းဆုံ စျေးသစ်အနီးရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ကို မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

Facebook