Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်တွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆန်တက်သွားကာ မုံရွာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

(စစ်ကောင်စီရေယာဥ်အား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ − File)
(စစ်ကောင်စီရေယာဥ်အား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ − File)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ပျူစောထီးအားကောင်းရာ ကံကြီးကုန်းကျေးရွာသို့ ရိက္ခာပို့ပြီးပြန်လာသည့် ချင်းတွင်းမြစ်အတွင်းမှ စစ်ကောင်စီရေယာဥ်နှစ်စီးအား တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။

ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) နံနက်ပိုင်းက မုံရွာမြို့၊ အုန်းပင်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်သို့ စုန်ဆင်းလာသော စစ်ကောင်စီ၏ အမြန်ရေယာဉ်နှစ်စီးသည် ကံကြီးကုန်းကျေးရွာသို့ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ ချပြီး မုံရွာသို့ပြန်လည် ဆန်တက်လာခဲ့သည်။

ထိုအချိန် ချင်းတွင်းမြစ်တနေရာမှ ရှေ့ထွက်ပြောင်းတိုက်များ၊ အဖူးထွက်ပြောင်းတိုက်များနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)ဦးဆောင်သူ ကိုဗိုက်က ပြောသည်။

Public Service Announcement

Public Service Announcement

“ထိခိုက်မှုတော့ ရှိနိုင်တယ်။ အနောက်ဘက်ကမ်းကော မုံရွာဘက်ကမ်းကော ညှပ်တိုက်တာဆိုတော့လေ။ သတင်းပေးတာနောက်ကျလို့ အစုန်မှာမလုပ်လိုက်ရဘဲ အဆန်မှာ ဆားလင်းကြီးတနေရာကနေ ဖြတ်တိုက်တာ။”ဟု ကိုဗိုက်က ပြောသည်။

စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆန်တက်သွားကာ မုံရွာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) နှင့် ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ မျိုးဆက်သစ် ၊ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မုံရွာနှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးအားကောင်းရာ ကျေးရွာများအား ရိက္ခာပို့ရန် မြေပြင်မှယာဥ်တန်းများဖြင့် သွားတိုင်း မိုင်းဆွဲတိုက်ခိုက်ခံနေရ၍ ရေကြောင်းမှတဆင့် ပို့ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook