Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံမြို့စစ်ဆေးတက္ကသိုလ် နားနေဆောင်ကို ရန်ကုန်သူပုန်အဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။

မင်္ဂလာဒုံမြို့စစ်ဆေးတက္ကသိုလ် နားနေဆောင်ကို ရန်ကုန်သူပုန်အဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်
မင်္ဂလာဒုံမြို့စစ်ဆေးတက္ကသိုလ် နားနေဆောင်ကို ရန်ကုန်သူပုန်အဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

သုည/People’s Spring

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ ဆေးတက္ကသိုလ်ဝင်း (၅)ထပ်အိပ်ဆောင် နားနေဆောင်ကို ယနေ့ (ဒီဇင်ဘာ ၁၇) နံနက် ၄နာရီကျော်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်သူပုန်အဖွဲ့က အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း ဒရုန်း ၂စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်စင်းမှာ ပစ်မှတ်ဧရိယာသို့ ရောက်ရှိခဲ့၍ အောင်မြင်ခဲ့သော်လည်း ကျန်တစ်စင်းမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း အသိပေးသည်။

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

“မနက်က အစောပိုင်း မင်္ဂလာဒုံဘက်မှာ ဗုံးပေါက်တယ်လို့တော့ ကြားတယ်။ အသံတော့ ကျွန်တော်တို့ဘက်က သေချာမကြားလိုက်ရဘူး။ ဒါပေမယ့် ဗုံးပေါက်လို့ဆိုပြီး မနက်က ခရေပင်လမ်းခွဲဘက်၊ အောင်ဆန်းသူရိယလှသောင်းကျောင်းနားတွေမှာ စစ်ကားတွေတောက်လျှောက် ပတ်နေတာ တွေ့ခဲ့တယ်။ ခုတင် ၁၀၀၀ ဆေးရုံနားကနေ စပြီး လမ်းထိပ်တိုင်းမှာ စစ်သားတွေ ကင်းပုန်းဝတ်နေတာလည်း တွေ့ခဲ့ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပထမဆုံးအဆင့်မှီ Door to Door Delivery Serviceဖြင့် စစ်ဆေးတက္ကသိုလ်နားနေဆောင်သို့ ဖျက်အားပြင်းမိုင်းတစ်လုံး ပို့ဆောင်ခဲ့ကြောင်းနှင့် နှစ်သစ် လက်ဆောင်များကို စခ၊ရခများသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ဟု ရန်ကုန်သူပုန်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ပထမဆုံး အကြိမ်အဖြစ် ရေပေါ်သွား ဖောက်ခွဲရေး ဒရုန်းတွေကို စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။