Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်လူပျိုဆောင်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

(မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းဌာနချုပ်ဝင်းအတွင်း၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းဌာနချုပ်ဝင်းအတွင်း၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

သတိုး၊ကျော််ဇော/People’s Spring

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းဌာနချုပ် လူပျိုဆောင်နှင့် ပြည်ခိုင်ဖြိုးပါတီရုံးကို Urban Freedom စစ်ဆင်ရေးအနေဖြင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ ရဲဘော်အရိပ်ကပြောသည်။

“လေတပ် လူပျိုဆောင်ကို လက်ပစ်ဗုံးနှစ်လုံး ၊ ကြံ့ဖွတ်ရုံးကို တစ်လုံး။ အထိအခိုက်လည်းရှိတယ်”ဟု ၎င်းက ပြောသည်။

ဧပြီ ၁၈ရက် ည ၈ နာရီခန့်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ လေတပ်ကင်းပုန်းများကို အထိအခိုက်ရှိနိုင်ကြောင်း မြေပြင်ရဲဘော်များထံမှ သိရသည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့များက နိုင်ငံအနှံ့အပြား၌ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေချိန် မြို့ပြများလည်း မကျန်ခဲ့ကြောင်းပြသသည့်အနေဖြင့် အရိပ်ရဲဘော်များက အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု Dark Shadow ကထုတ်ပြန်ထားသည်။

မင်္ဂလာဒုံမြို့နယ်၌ ည ၇နာရီခွဲကျော်တွင် ပေါက်ကွဲသံများကြားရသည်ဟု မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangon Scout Network-RSN ချန်နယ်က ဖော်ပြထားသည်။

“မင်္ဂလာဒုံ လေတပ်အရာရှိ လူပျိုဆောင်ကို နှစ်လုံးအရင်​ကျွေး(ပစ်ခတ်တိုက်ခိုက်)တာ။ အဲဒီနှစ်လုံးမှာ တစ်လုံးအရင်ကျွေးပြီးမှ နောက်တစ်လုံးကို စောင့်ပြီးကျွေးဖြစ်လို့ အထိအခိုက်ရှိတယ်ဗျ။ ကြံ့ဖွံ့ရုံးကို တစ်လုံးကျွေးတာကတော့ အထိအခိုက်၊ အပျက်အစီး အတိအကျ မသိရသေးဘူး”ဟု Dark Shadow(အရိပ်စစ်သည်တော်များ)တာဝန်ခံ ရဲဘော်အရိပ်က လူထုနွေဦးသို့ ပြောသည်။

လေတပ်အရာရှိရိပ်သာအား ဗုံးပစ်တိုက်ခိုက်မှုတွင် ပထမဗုံးသီးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ပြေးထွက်လာစဥ် ဒုတိယမြောက်ဗုံးသီးကို ထပ်မံပစ်သွင်းဖောက်ခွဲခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

Dark Shadow အဖွဲ့သည် Urban Freedom စစ်ဆင်ရေးအနေဖြင့် ဧပြီ ၁၆ ရက်ကလည်း လှိုင်သာယာမြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။